Knock...knock...knockတံခါးခေါက်သံကြောင့် အိပ်ပျော်နေရာကနေ လန့်နိုးသွားမိတယ်...။ ပြန်လာထဲက Lock ချပြီးအိပ်နေတာမို့..အားယူလျှောက်ပြီး သွားဖွင့်ပေးလိုက်ရသည်...
" မား...ပြန်ရောက်ပြီလား..."
" အင်း...။ သား မနေ့က ခရီးထွက်နေရလို့လား...ညပြန်မအိပ်ဘူးဆို..."
" ဟုတ်..."
" အင်း အင်း...အောက်ခဏဆင်းလာခဲ့ဦး...သားနဲ့တွေ့ဖို့ ဧည့်သည်တွေ ရောက်နေတယ်..."
" ဘယ်သူလဲ မား..."
" သားကို လာတောင်းနေကြတာ..."
" ဟမ်...မား တစ်ခါတည်း အပြတ်ပြောလိုက်နော်...သား အိမ်ထောင်မပြုချင်သေးဘူး..."
" သိတယ်...အောက်ရောက်မှဆို အဲ့လိုပြောမှာစိုးလို့ အရင်လာကြိုပြောထားတာ...။ အခု ကောင်လေးက သားလည်း သိမှာပါ..."
" မားကလည်း...ဒီမှာကြည့် သားချော်လဲထားလို့ ခြေထောက်မှာ ဒဏ်ရာရထားတယ်...အောက်မဆင်းနိုင်တော့ဘူး...မားပဲပြောလိုက်တော့..."
" ဟဲ့..မကြီးမငယ်နဲ့ ချော်လဲရတယ်လို့...။ အခု အိမ်ရဲ့ စီးပွားရေးကိုလည်း မင်းမြင်တယ်မလား...အကျပိုင်းကို သွားချင်နေပြီ...။ သားသာ သူနဲ့ယူလိုက်ရင် မင်းရဲ့ ပါး လုပ်ငန်းက ပြန်ပြီး အင်အားကြီးလာမှာ..."
" ဟက်...မားက ကျွန်တော့်ကို ရောင်းစားနေတာလား..."
" မရိုင်းနဲ့နော်...စကားကိုကြည့်ပြော...အသက်က ဖြင့် မငယ်တော့ဘူး...မိဘလုပ်ငန်းကို တစ်ခုမှ ကူညီဖို့ မတွေးဘဲ တစ်နေ့တစ်နေ့ အရည်မရ အဖတ်မရ ပန်းချီတွေပဲ ထိုင်ဆွဲနေတာ...။ ဒီလောက် အပြိုင်အဆိုင်တွေများတဲ့ ခေတ်မှာ စီးပွားရှာရတာ လွယ်တယ်မှတ်နေလား..."
" မား...သားအလုပ်အကြောင်းလည်း နားမလည်ဘဲ မပြောနဲ့..."
" အေး...နားလည်လောက်အောင် မက်စရာပိုက်ဆံရနေတာမှ မဟုတ်တာ...။ ဘာမှအထွန့်တက်ဖို့ လုပ်မနေနဲ့တော့နော်...။ မင်း ပါးကလည်း မင်းကို သူ့လုပ်ဖော်ကိုင်ဖက်ရဲ့ကလေးတွေနဲ့ အိမ်ထောင်ချပေးဖို့ လုပ်နေပြီ...။ ဒီကောင်လေးကို မယူလည်း နောက်တစ်ယောက်ကို ယူဖို့သာ ပြင်ထားတော့...။ မြန်မြန်ဆင်းလာနော်..Xiao အိမ်အပေါ်ကို အားနာစိတ်ရှိတယ်ဆိုရင်...လူကြီးတွေကို မျက်နှာပျက်ရအောင် မလုပ်နဲ့..."

YOU ARE READING
Imperfection (Season 1) [Completed]
Fanfictionစောင့်ဆိုင်းတယ်ဆိုတဲ့ စကားလေးက အရမ်းနွေးထွေးလို့ ကျွန်တော့်ကိုကိုက အရမ်းသဘောကျတာပဲတဲ့လေ။ ဒါဆို ကျွန်တော်က မျှော်ငေးခြင်းကို ရွေးမယ်နော် ကိုကို... ဒီတစ်ဘဝလုံးတော့ ကိုကို့ကိုပဲ မျှော်ငေးပြီး အေးချမ်းနေချင်တော့တယ်... (Crd.❤️) ...