Chapter 5

12K 1.2K 121
                                    


နှိပ်စက်ဖို့အရေး ပင်ပန်းလိုက်တာ...။ သူ့ကို ကျွန်တော့် ကုတင်ပေါ် ချပေးခဲ့ပြီး..အိမ်ထိန်း အန်တီကြီးကို စောင့်ကြည့်ပေးဖို့ မှာခဲ့ရတယ်...။ ကျွန်တော်က ဆေးရုံ duty ပြန်ဝင်ရမှာမို့ အခုပြန်ထွက်မှရတော့မည်ပင်...

သူနိုးလာရင် တစ်ခုခုကျွေးလိုက်ဖို့နဲ့...ကိုယ့်ကိုကိုယ် သတ်သေဖို့ပဲ ကြံနေတာမို့ ကျွန်‌တော် ပြန်လာတဲ့ထိ တစ်ယောက်တည်း လွှတ်မထားဖို့ မှာခဲ့ပြီး ပြန်ထွက်လာခဲ့လိုက်တော့သည်...







တစ်နေ့လုံး အရေးပေါ်လူနာတွေများနေတာကြောင့်...ပြန်ရောက်တော့ပဲ...ည 8နာရီကျော်နေပြီ...

" သား...ပြန်လာတာ နောက်ကျတယ်နော်..."

" ဟုတ်...အရေးပေါ် case တွေများနေလို့...။ Emergency ward မှာ‌တာဝန်ကျတာ တကယ်မလွယ်ဘူး မားရေ...ထမင်းတောင် မနည်းအချိန်လု စားနေရတယ်..."

" အင်း...သွားနားလိုက်ဦး...။ ပြီးရင် Xiaozhan ကို တစ်ခုခု ဆင်းစားဖို့ ပြောလိုက်ပါဦး..."

" ညစာလား..."

" မဟုတ်ဘူး...တစ်နေ့လုံး ဘာမှမစားဘူး...။ ကြည့်ရတာ သားကို စိတ်ဆိုးနေတာထင်တယ်...။ အဲ့ဒါမို့ မားပြောသားပဲ မလောပါနဲ့ဆို ..အခုမင်းလုပ်ပုံက အိမ်ထောင်ပြုတာ ဟင်းရွက်ကန်စွန်း ဝယ်တာကျနေတာပဲ...ဇိုးဇတ်ကောက်ယူလိုက်တော့ ဟိုက စိတ်တိုမှာပေါ့..."

" စိတ်တိုပြီး အသက်ထွက်သွားလည်း အေးတာပဲ...။ နားတော့မယ်...ညစာကို အခန်းထဲကိုပဲ သူ့အတွက် ပို့ခိုင်းလိုက်တော့...ကျွန်တော် စားခဲ့ပြီးပြီ..."

" အင်း အင်း..."

___

ကျွန်တော် ဝင်လာတော့ သူအိပ်နေတုန်းမို့ ကုတင်နားလျှောက်သွားပြီး လှုပ်နှိုးလိုက်ရတယ်..

" မင်း...ဘာမှမစားပဲ အငတ်ခံဆန္ဒပြနေတာလား...။ သေချင်နေလည်း အစာလေးတော့ ထစားဦး..."

သူ မျက်လုံး ဖွင့်ကြည့်လာပြီး ထထိုင်လာသည်...

" ဆေးထိုးပေး..."

" ဘာဆေးထိုးရမှာလဲ..."

" မြန်မြန်‌သေအောင် ဆေးထိုးသတ်လိုက်.."

Imperfection (Season 1) [Completed]Opowieści tętniące życiem. Odkryj je teraz