Chapter 16

9.4K 944 86
                                    


အားယွမ်ကို အိမ်ခေါ်လာတော့ ပါးနဲ့မားက တအံ့တသြတွေ ဖြစ်လို့...။ ကောက်ကာငင်ကာ ခေါ်လာတဲ့ ကျွန်တော့်ကို ဆူချင်ကြပေမယ့် ကလေးရှိရင် အိမ်သာတယ်ဆိုတာနဲ့ ချစ်စရာကောင်းတဲ့ အားယွမ်လေးကို မွေးစားတာ သဘောတူလိုက်ကြတယ်...

အားယွမ်ကလည်း သူ့ကို လူကြီးတွေ ချစ်အောင် နေတတ်တော့ နာရီ၀က်မကြာဘူး ဖိုးဖိုးဖွားဖွား တွေခေါ်ပြီး အိမ်သားတွေနဲ့ တန်းကို မိသားစုလိုဖြစ်သွားတာ...

တစ်နေကုန်က အေးဆေး...တကယ့်ဇာတ်လမ်းက ညရောက်တော့ စပြီ...

" အားယွမ် လောလောဆယ် Daddyနဲ့ပဲ အတူအိပ်လိုက်တော့‌နော်...သားအတွက် အခန်းပြင်ထားတာ မရှိသေးတော့ တစ်ရက် နှစ်ရက် နေမှ အခန်းပြောင်းပေးမယ်..."

" ဟုတ်..Daddy..."

" ဘာ!....ကော အဲ့လိုမရဘူးလေ သူက ကုတင်ပေါ်အိပ်တော့ ကျွန်တော် ဘယ်သွားအိပ်ရမှာလဲ...။ ကလေးကို ဧည့်သည်ထားတဲ့ အခန်းမှာ ပေးအိပ်လိုက်မယ်လေ..."

" မင်း ခုပဲ မွေးစားလာတဲ့ ကလေးကို ဧည့်သည်ခန်းမှာ ပေးအိပ်စရာလား...။ သူနေသာမကျသေးတော့ တစ်ရက် နှစ်ရက်ခေါ်သိပ်မှ အဆင်ပြေမှာလေ..."

အားယွမ်က ရောက်ရောက်ချင်းမို့ထင်တယ်...မျက်ရည်လေးဝဲပြီး ကောခြေသလုံးကို ထဖက်လာတာ...

" Daddy နဲ့ပဲ ညတိုင်းအိပ်မှာ...တစ်‌ယောက်တည်းမအိပ်ချင်ဘူး... Daddy နဲ့ပဲ အိပ်မှာနော်..."

ကလေးငိုနေတာမို့ ကျွန်တော်လည်း လက်လျှော့ပြီး...

" ဒါဆို ကျွန်တော်ကရော..." လို့ မကျေမနပ် ထမေးလိုက်တယ်....

" ဟော... ကုတင်က ဒီလောက်ကျယ်တာ သုံးယောက်ဆန့်ပါတယ်...လာအကုန်လုံးတူတူအိပ်မယ်..."

" အာ့ဆို ကျွန်တော် အလည်အိပ်မယ်...ကောက လက်နာနေတော့ အလည်အိပ်လို့ မဖြစ်ဘူး...။ ကလေးက ညဆို အအိပ်ကြမ်းမကြမ်းမသိသေးဘူး..."

" သား အလည်အိပ်မှာ Daddy လက်မထိအောင် သားအိပ်တတ်ပါတယ် Daddy နော် နော် နော်..."

" အင်း...အားယွမ်လေး အလည်မှာအိပ်...ကလေးက တစ်ရက် နှစ်ရက်လေးအိပ်မှာ မင်းအလည်အိပ်စရာလား ကလေးကိုပေးအိပ်လိုက်ပါ..."

Imperfection (Season 1) [Completed]Hikayelerin yaşadığı yer. Şimdi keşfedin