Chapter 12

10.1K 1K 171
                                    


"ကော...ထတော့...။ ဒီနေ့ ကျွန်တော်နဲ့အပြင်သွားမယ် ပြောထားတယ်လေ..."

" ဟင့်အင်း...မသွားတော့ဘူး...ကိုယ့်ဘာသာကိုယ်သွားတော့...ငါမလိုက်ချင်တော့ဘူး..."

" အယ်...အဲ့လိုမရဘူးလေ...ထ ထပါဆို..."

စောင်ကို ခေါင်းထိဆွဲခြုံပစ်ပြီး တစ်ဖက်ကို လှည့်အိပ်သွားတာ...

သူက တကယ့်ကို အအိပ်မဆတ်ဘူးလို့ ပြောရမလိုပင်...။ ခေါင်းအုံးနဲ့ထိတာနဲ့ လွယ်လွယ်အိပ်ပျော်သွားတတ်တဲ့အပြင် ညည အသံတွေဘာတွေကြားလို့ ကျွန်တော်ဖျက်ခနဲ လန့်နိုးသွားရင်တောင် သူက အအိပ်မပျက် သိတောင်သိပုံမပေါ်...။ သူအိပ်မောကျသွားတိုင်း ခိုးခိုးနမ်းနေတာကို သူလုံးဝမသိတာများ...ကျွန်တော့်နေရာမှာ တခြားတစ်‌ယောက်သာဆို စိတ်ပူစရာ...

ကျွန်တော် သူ့ပခုံးအောက်ကနေ ပွေ့ယူလိုက်ပြီး ထိုင်ခိုင်းလိုက်သော်လည်း ငုတ်တုတ်ကြီး ယိုင်ကျလာတာမို့ အမြန်ထိန်းပွေ့ပြီး ရင်ခွင်ထဲမှီခိုင်းထားလိုက်ရသည်...

နဖူးကို စမ်းကြည့်တော့...အဖျားတော့မရှိတော့...။ မနေ့က ကျွန်တော်ဖျားလို့ သူ့အပြုအစုခံရတော့မယ်ဆိုပြီး ပျော်ရုံရှိသေး...သူပါကောက်ကာငင်ကာ ထဖျားတာမို့...တစ်နေ့လုံး ရေပတ်တိုက်ပေးလိုက်ရ...အန်တီကြီးကို ဆန်ပြုတ်ပြေးပြုတ်ခိုင်းလိုက်ရ...ဆေးချော့တိုက်ရနဲ့ ဒီနေ့‌နေကောင်းပျောက်နေအောင် လုပ်ပေးလိုက်ရတာများ ကိုယ်နေမကောင်းတာတောင် ဘယ်ရောက်ကုန်မှန်းမသိ ကိုယ့်ဘာသာဆေးသောက်ကုပြီး သူ့ကို ပြုစုလိုက်ရတာ ဖတ်ဖတ်ကိုမောချက်...

ယူချင်ဦးဟဲ့ ယောင်္ကျားလို့တောင် ဆိုရတော့မလားပဲ...

" ကော...လိမ်မာပါတယ်...ကျွန်တော်နဲ့လိုက်မယ် ကတိပေးပြီးသားလေ...အဲ့လိုလွယ်လွယ် ကတိမဖျက်ရဘူးနော်..."

" ဒါဆိုလည်း နေ့လည်မှသွား...အခုမထနိုင်သေးဘူး..."

အဲ့ဒါမှ တကယ့်ကွိုင်...။ အကုန်လုံးစီစဉ်ပြီးသားဖြစ်နေတာမို့သာ ကျွန်တော်လည်း သူ့ကို မရမက နှိုးနေရတာပါ...။ သူက ဘယ်အချိန်အိပ်အိပ် ကျွန်တော့်ထက် အမြဲစောထနေကျသူမို့ ဒီနေ့ သူတော်တော်မထနိုင်လို့ အဲ့လောက်ဖြစ်နေမှန်း သိတာ‌ကြောင့် ဘာလုပ်ရမှန်းပင် မသိတော့...

Imperfection (Season 1) [Completed]Tahanan ng mga kuwento. Tumuklas ngayon