Chapter 7

11.7K 1.2K 124
                                    


ကျွန်တော် ဆေးရုံရှေ့ရောက်ရောက်ချင်း Lan Yang ဆီက ဖုန်းဝင်လာတာမို့ အမြန်ကောက်ကိုင်လိုက်မိတယ်...

" Yibo..မင်းရဲ့ကော သတိရလာပြီ...မင်း ဘယ်မှာလဲ မြန်မြန်လာခဲ့ဦး..."

ပြန်တောင် မဖြေနိုင်တော့ဘဲ...အရှိန်နဲ့ကို ပြေးလာမိတာ...

" ကော..."

မျက်လုံးလေး တဖြေးဖြေးပွင့်ကျလာတဲ့ ကော...

ကျွန်တော်လေ ကောသတိရခြင်းမှာ ၀မ်းသာလွန်းလို့ မျက်ရည်တွေ အလိုလို ဖြိုးဖြိုးဖျောက်ဖျောက်ကျလာမိတယ်...

" သတိရလာပေးလို့ ... ကျေးဇူးပါ ကောရာ..."
ကောက ဘာမှမပြောနိုင် ငြိမ်သက်စွာ မျက်စိမှိန်းကာ အသက်ကို ခက်ခက်ခဲခဲရှုနေရဆဲ...

Professor တွေ၀င်ရောက်လာပြီး ကောကို စစ်ဆေးစမ်းသပ်ပေးရင်း...

" အစိုးရိမ်ရဆုံး အခြေနေတွေ ကျော်ဖြတ်နိုင်ခဲ့ပြီ Dr.Wang...တကယ့်ကို ကံသီပေလို့ လူနာသတိရလာတာပဲ..."

" ကော...ဘယ်လိုနေသေးလဲ...ကျွန်တော် တောင်းပန်ပါတယ်...တကယ်တောင်းပန်ပါတယ်နော်..."

" Dr Wang...လူနာကို ချက်ချင်းကြီး စိတ်ရှုပ်စရာတွေ ပြောမနေနဲ့ဦး...။ စိတ်လည်းချရပြီဆိုတော့ ဆရာနဲ့ ခဏလိုက်ခဲ့...ပြောချင်တာလေးတွေ ရှိလို့..."

" ဟုတ်...။ Lan Yang ခဏလေး ကောနား ထပ်နေပေးဦးနော်..."

" အင်း..စိတ်ချလက်ချသာ ထားခဲ့...."

ကျွန်တော် ကောကို အပ်ခဲ့ပြီး Prof ခန်းထဲ လိုက်လာခဲ့လိုက်သည်...

" Dr.Wang ကို လူနာနဲ့ ပက်သက်ပြီး ပြောချင်တာလေးတွေရှိသေးလို့ ..."

" ဟုတ်...ဆရာ..."

" ရှေ့ရက်က ပြောခဲ့သလိုပဲ...လူနာနဲ့ Dr. Wang ရဲ့ အတွင်းရေးကို ဝင်မစွက်ဖက်ချင်တာမို့...ဆရာ သူ့ရောဂါနဲ့ပက်သက်ပြီးပဲ ပြောတော့မယ်....

လူနာက နောက်တစ်ခေါက် အခုလို Heart attack ထပ်ရလို့ လုံးဝမရတော့ဘူးဆိုတာ သတိပေးချင်တယ်...နောက်တစ်ခါဆို on the spot ဖြစ်မှာ သေချာသလောက်နီးပါးပဲ..။ ခုတောင် ကံသီပေလို့...ဒါပေမယ့် ကံဆိုတာ အကြိမ်ကြိမ် မကောင်းနိုင်ဘူးဆိုဝာာ မမေ့ပါနဲ့..."

Imperfection (Season 1) [Completed]Where stories live. Discover now