Chapter 14

10.1K 1K 138
                                    


နှစ်ရက်လုံး ကောက ထမင်းစားချိန်နဲ့ အိပ်ချိန်က လွဲလို့ မမပန်းချီဆွဲတဲ့ အခန်းထဲမှာပဲ တစ်နေကုန် Lock ချပြီး‌နေနေတာ...။ ပြောရင်လည်း ပိုစိတ်ထိခိုက်ပြီး လျှောက်လုပ်နေမှာစိုးလို့ ဒီတိုင်းပဲ လွှတ်ထားလိုက်ရတော့တယ်...

အဲ့လိုနဲ့ပဲ ဒီနေ့ ပန်းချီပြပွဲနေ့ကို ရောက်လာပြီ...။ ကော ပန်းချီကားတွေက များများစားစား မပါဖြစ်...။ လက်ထိသွားတဲ့အတွက် အရင်ကဆွဲပြီးသားကားအချို့နဲ့ပဲ ပြပွဲထဲပြဖြစ်တော့မယ်လို့သာ ကြေငြာထားသော်လည်း...ကျွန်တော် ကြည့်မိသလောက် ကောပန်းချီကားတွေက လက်ထိပြီးကာမှ ပိုတိုးလာသလိုပင်...။ သူပြောစကား တကယ် နားမထောင်တာကို ဝမ်းနည်းမိသော်လည်း စိတ်ဖြေလိုက်ရတော့တယ်...ကျွန်တော်မသိအောင် အရင်ထဲက ဆွဲပြီး သိမ်းထားတာတွေနေမှာပါလို့ပဲ....

ကောပန်းချီကားချပ်တွေက အသက်၀င်လွန်းတာကြောင့် ပွဲထဲမှာတင် လေလံတင်လိုက်ရတယ်...။ ပြပွဲထဲ အလုအယက် လေလံပေး၀ယ်နေကြတဲ့
ကောဆွဲထားတဲ့ပုံက....ဘုရားရေ...မမပုံပါလား...

မမပုံကိုမှ မမမျက်၀န်းတွေက မျက်ရည်တွေအိုင်ပြီး မျှော်လင့်ချက်အပြည့်နဲ ကြိုးကွင်းကို လှမ်းဆွဲထားတဲ့ပုံ...။ ပန်းချီအနုပညာကို ဘာမှန်း သေချာမခံစားတတ်တဲ့ ကျွန်တော်တောင် ပန်းချီကားကို ကြည့်ပြီး ရင်ထဲဆို့နင့်သွားတာ...

မမပုံ ပန်းချီကားကို အောက်ကပရိသတ်ကြီးက လေလံ စပစ်နေပြီ...

" ယွမ် သိန်း ၃၀..."

" ၅၀ ကွာ..."

" ၁၀၀ ပါ..."

" ..."

"...."

" ယွမ်သိန်းတစ်ထောင်..."

ဘုရားရေ ယွမ်သိန်းတစ်ထောင်...ကျွန်တော် ၁နှစ်လောက်လုပ်မှ ရလောက်မဲ့လစာကို ကောရဲ့ပန်းချီကားက တန်ဖိုးကြီးချက်...။ ဘာပဲဖြစ်ဖြစ် ကောအတွက် ပျော်လိုက်တာ...

" Wow...အလည်ကအမျိုးသမီးက ယွမ်သိန်းတစ်ထောင်ပါတဲ့ ခင်ဗျား....။ ဘယ်သူများ ထပ်တိုးပေးချင်ပါသေးသလဲ...အိုကေ သိန်းတစ်ထောင်အတည်ဖြစ်ဖို့ count down စရေပါမယ်.... 1...2....3....သိန်းတစ်‌ထောင် အတည်ဖြစ်သွားပါပြီ ... Congratulations ပါ အစ်မရေ...ပန်းချီကားကို သိန်းတစ်ထောင်ပေးတဲ့ ဟော့ဒီက အစ်မပိုင်ဆိုင်သွားပါပြီ...."

Imperfection (Season 1) [Completed]Donde viven las historias. Descúbrelo ahora