" မင်းသေချာစုံစမ်းထားတယ်ဆိုတာ ဒါလား..."" ဆရာ..ကျွန်တော် သေချာပေါက် သူ့လက်ကို သုံးမရအောင်တော့ လုပ်ခဲ့တာပါ...။ ဒါပေမယ့် သူ ဘယ်နဲ့သုံးတတ်မှန်းတော့ ကျွန်တော် မသိခဲ့ဘူး..."
" အကုန်သွားပြီ...ဒီပွဲကို အများကြီး အားစိုက်ထားခဲ့တာ...တစ်ယောက်မှကို သုံးစားမရဘူး..."
" တကယ်တောင်းပန်ပါတယ်..."
" ချန်ချင်ကိုရော သေချာလိုက်ကြည့်နေရဲ့လား ..ဟိုဆရာဝန်ကောင် ကပ်နေသေးလား..."
" ဟိုနေ့ကတော့ မမလေးက လက်က ကျောက်ပတ်တီးဖြုတ်ဖို့ အဲ့ဆေးရုံကို သွားခဲ့ပါသေးတယ်..."
" အဲ့ကလေးမလည်း ထိန်းလို့ကို မနိုင်ဘူး...ဒါဆို အဲ့ကောင်နဲ့ တွေ့ခဲ့တာပေါ့..."
" ဟုတ်...ဒါပေမယ့် သူမလုပ်ပေးပါဘူးဆရာ...တခြားဆရာဝန်ကို လွှဲပေးလိုက်တာ...။ ကျွန်တော့်အထင် သူက ဆရာ့ကို ရန်စချင်ရုံသက်သက်မို့ ဆရာ့ရှေ့ပဲ တမင်လုပ်ပြတဲ့ပုံပါပဲ...ကြားထဲမှာ မမလေးကို လာတွေ့တာတွေ ဘာတွေလည်း မရှိပါဘူး...သူက Xiaozhan ကို တော်တော်ချစ်ပုံပဲ..."
" ပြီးတာပဲ... ချန်ချင့်နောက်ကို လိုက်တော့ကြည့်နေဦး...သူ့အမကိစ္စကို အဲ့ကောင် ဒီအတိုင်းတော့ ငြိမ်နေမယ့်ပုံမဟုတ်ဘူး...။ ဒါနဲ့ အဲ့ကောင်နဲ့ Xiaozhan ဘယ်လိုလုပ် လက်ထပ်ဖြစ်သွားတာလဲ...သူ့ဗိုလ်မှူး ဘယ်ရောက်သွားလို့လဲ..."
" တိုက်ပွဲမှာ ကျသွားတာပါ...သေချာတော့မသိပေမယ့် မိဘချင်း သဘောတူလို့ ယူဖြစ်သွားတဲ့ပုံပါပဲ..."
" သိပြီ...သွားတော့ Xiaozhan ကိစ္စကို ငါ့ဘာသာငါပဲ လုပ်တော့မယ်...မင်းတို့တွေက သုံးစားမရဘူး..."
" ဆရာကို တစ်ခုလောက် အကြံပေးရမလား..."
" ပြောကြည့်လေ...ယုံရမှာတော့ ခပ်လန့်လန့်ပဲ..."
" ကျွန်တော် သူ့အကြောင်းစုံစမ်းတုန်းက သိခဲ့တာ...။ သိပ်မကြာခင်က သူ ဆေးရုံတစ်ပတ်တက်လိုက်ရသေးတယ်...လုံးဝ Dead Line ကနေ ပြန်နိုးလာတာ..."
" ဘာ အဲ့လောက်တောင် ဖြစ်ခဲ့တဲ့သူက ဒီလောက်တောင် မော်ကြွားနိုင်သေးတာလား...ဘာလို့တက်ခဲ့တာလဲ..."
ВЫ ЧИТАЕТЕ
Imperfection (Season 1) [Completed]
Фанфикစောင့်ဆိုင်းတယ်ဆိုတဲ့ စကားလေးက အရမ်းနွေးထွေးလို့ ကျွန်တော့်ကိုကိုက အရမ်းသဘောကျတာပဲတဲ့လေ။ ဒါဆို ကျွန်တော်က မျှော်ငေးခြင်းကို ရွေးမယ်နော် ကိုကို... ဒီတစ်ဘဝလုံးတော့ ကိုကို့ကိုပဲ မျှော်ငေးပြီး အေးချမ်းနေချင်တော့တယ်... (Crd.❤️) ...