" ဆရာ..ဆရာ..ကျွန်တော် မသေချင်ဘူး..ဒါပေမယ့် ကျွန်တော် မ ရ တော့ဘူး..."" နည်းနည်းလောက်တောင့်ထားပါ..."
" ဒါလေး...ဒါလေး...သူ့ကို ..သူ့ "
တီ...တီ...တီ...
"" Dr. Wang..မရတော့ဘူး...""
ချလွင်...ချလွင်...ချလွင်...
ပြင်းထန်လွန်းသော ဒဏ်ရာတွေကြောင့် အသက်မမီမှန်းသိသော်လည်း မှီလိုမှီငြား ရသလောက်ကယ်တင်နေမိတာ...
သူ့ dead body ကိုဆွဲထုတ်သွားတဲ့အထိ ကျွန်တော် အဲ့နေရာကနေ မရွှေ့မိ...။ နောက်ဆုံးချိန်ထိ သူ့အသက်ရှင်ချင်စိတ် ပြင်းပြမှုနဲ့ တောင့်ခံထားမှုက ကြောက်စရာမို့ တကယ် တော်တော်လေး စိတ်မကောင်း...
သူ ခုနက ကျွန်တော့်ကို ကမ်းပေးလာတဲ့ ဆွဲကြိုးလေးကို ကောက်ယူလိုက်ကာ ဂျူတီကုတ်ထဲထည့်ပြီး အရေးပေါ်ခန်း အပြင်ဘက်သို့ ထွက်လာလိုက်တော့သည်...
" ဟူး ပင်ပန်းလိုက်တာ..."
" စီနီယာ ဘယ်လိုလဲ...ပထမဆုံးနေ့အတွေ့အကြုံ..."
" မြင်တဲ့ အတိုင်းပဲလေ...သေလိုက်တာ တဖြုတ်ဖြုတ်ပဲ..စိတ်တောင်ညစ်သွားတယ်..."
" ဒီမှာက အဲ့လိုပဲ စီနီယာရေ...နောက်လည်း စီနီယာ ဒါမျိုးတွေ အများကြီး ကြုံရဦးမှာ...။ရှေ့တန်းမှာ စစ်ထွက်တိုက်ပေးနေရတဲ့လူတွေက တကယ့်ကို သနားဖို့ကောင်းတယ်... အခုလည်း ကျန်ခဲ့တဲ့ သူတို့မိသားစုတွေကို အကြောင်းကြားပေးရဦးမယ်..စီနီယာ ခဏနားလိုက်ဦးနော်..."
" အင်း..ခဏနေ ပြန်လိုက်ခဲ့မယ်..."
" ဟုတ်...။ အာ...ဒီ Diary စာအုပ်လေး ခဏသိမ်းထားပေးပါဦး..ဒါ ခုန ဆုံးသွားတဲ့ ဗိုလ်မှူးကျန်ခဲ့တဲ့ စာအုပ်ထင်တယ်...သူ့မိသားစုဆီအကြောင်းကြားမယ့်သူတွေနဲ့ တစ်ခါထဲ ထည့်ပေးလိုက်မယ်..."
" အင်း..အင်း..."
ကျွန်တော်နဲ့ အသားမကျသေးတဲ့ ပတ်ဝန်းကျင် အခြေအနေတွေကြောင့် စိတ်ပင်ပန်းသွားတာမို့ မှီချပြီး မျက်လုံးမှိတ်ထားလိုက်တော့မှ အိတ်ထဲက ဖုန်းမြည်သံကြောင့် ပြန်ထထိုင်လိုက်ရတယ်...
STAI LEGGENDO
Imperfection (Season 1) [Completed]
Fanfictionစောင့်ဆိုင်းတယ်ဆိုတဲ့ စကားလေးက အရမ်းနွေးထွေးလို့ ကျွန်တော့်ကိုကိုက အရမ်းသဘောကျတာပဲတဲ့လေ။ ဒါဆို ကျွန်တော်က မျှော်ငေးခြင်းကို ရွေးမယ်နော် ကိုကို... ဒီတစ်ဘဝလုံးတော့ ကိုကို့ကိုပဲ မျှော်ငေးပြီး အေးချမ်းနေချင်တော့တယ်... (Crd.❤️) ...