ကောကို ရင်ခွင်ထဲပွေ့ပြီး ချော့သိပ်နေလိုက်တာမို့ ခဏအတွင်း ပြန်အိပ်ပျော်သွားရှာတယ်...။ ဖြည်းဖြည်းချင်း ခေါင်းအုံးပေါ်ပြန်ချပေးလိုက်ပြီး...ဖုန်းနားကို ပြန်ထလာလိုက်သည်...ချန်မင်းကို လူကိုယ်တိုင်မတွေ့နိုင်သေးရင်တောင် ဖုန်းနဲ့တော့ တစ်ခုခုပြောရမှ ဒီည ကျေနပ်နိုင်မယ်...။
📱
" ချန်မင်း...မင်း..အခုချိန် အေးဆေးအိပ်နိုင်သေးတာလား..ငါ..."
" ခဏ ခဏ ဘယ်သူလဲ မသိဘူးရှင့်...ချန်မင်းကောက အပြင်ထွက်သွားတာ အိမ်မှာ ဖုန်းကျန်ခဲ့လို့ပါ..."
" ချန်ချင်လား..."
" ဟုတ်...အာ Dr ထင်တယ်... ဟုတ်လားမသိဘူး အသံတူလို့..."
" အင်း...အခု မင်းအစ်ကို ဘယ်မှာလဲ..."
" ဘယ်သွားလဲ ညီမမသိဘူး...။ ကောနဲ့ ပြဿနာရှိလို့လားဟင်...ညီမ ဘာပြောပေးရမလဲ...ရောက်ရင် ပြန်ခေါ်ခိုင်းလိုက်မယ်လေနော်..."
" ချန်ချင်...မင်း အစ်ကိုသူတော်ကောင်းကြီးကို ပြောလိုက် ထောင်ထဲမဝင်ခင် ထမင်းဝအောင် စားထားလို့..."
" Dr နဲ့ ဘာတွေဖြစ်ထားကြလို့လဲ...အဲ့လောက်ကြီး ကောကို မပြောပါနဲ့...ကောက အပြောကြမ်းပေမယ့် စိတ်ထားကောင်းတဲ့သူပါ...တစ်ခုခုဆိုလည်း အေးဆေးရှင်းသင့်...."
" ဘာ...စိတ်ထားကောင်းတဲ့သူ...ဟက်..ကြည့်ရတာ အဲ့ကောင်မျက်နှာဖုံးကို ခွာချပေးမှ ထင်ပါရဲ့..."
ကျွန်တော် မမအကြောင်းနဲ့ ဒီနေ့ကောကို ဘာတွေလုပ်ခဲ့တယ်ဆိုတာအထိပါ ပြောချပေးပစ်လိုက်တာ...။ Reply တောင် မပြန်နိုင်တာမို့ တစ်ချက်တော့ ပြုံးလိုက်မိသား...။ ပြောဦးလေ...မင်းအစ်ကိုက စိတ်ထားကောင်းတဲ့ကောင်ကြီးပါလို့...
ကျွန်တော် သူ့အဖြေကိုတောင် ပြန်စောင့်မနေတော့ဘဲ ဖုန်းချပစ်လိုက်ပြီး ကောနားပြန်လျှောက်လာလိုက်တော့သည်...
" ဒါ ပထမအဆင့်ပဲရှိသေးတယ်...ချန်မင်း...။ ကောကြောင့်သာ မဟုတ်ရင် ဒီနေ့က မင်းရဲ့သေနေ့ပဲ...တောက်..."
သတိလက်လွတ် တောက်ခေါက်မိလိုက်တာမို့ ကော ကိုယ်လေးတစ်ချက်တုန်တက်သွားတယ်..

YOU ARE READING
Imperfection (Season 1) [Completed]
Fanfictionစောင့်ဆိုင်းတယ်ဆိုတဲ့ စကားလေးက အရမ်းနွေးထွေးလို့ ကျွန်တော့်ကိုကိုက အရမ်းသဘောကျတာပဲတဲ့လေ။ ဒါဆို ကျွန်တော်က မျှော်ငေးခြင်းကို ရွေးမယ်နော် ကိုကို... ဒီတစ်ဘဝလုံးတော့ ကိုကို့ကိုပဲ မျှော်ငေးပြီး အေးချမ်းနေချင်တော့တယ်... (Crd.❤️) ...