တောင်ပေါ်က ပြန်လာပြီးတဲ့ နှစ်ပတ်လုံးက တကယ့်ကို ပျော်စရာအတိ...။ ကောက အရင်ထက် ကျွန်တော့်ကို အရမ်းဂရုစိုက်လာတာမို့ ပျော်လိုက်တာဆိုတာ...ကျွန်တော့်မှာ အားယွမ်နဲ့ ကောရဲ့ အချစ်ခံလေးလို ဖြစ်နေခဲ့တာ...ကောကို နှစ်ပတ်အတွင်း ပုံစံမျိုးစုံမြင်ခဲ့ရတယ်...။ တစ်ခါတလေ ကျွန်တော့်ကို ကလေးလို ချွဲတယ်...။ တစ်ခါတလေကျတော့လည်း သူကပဲ လူကြီးဖြစ်သွားပြန်တာ...။ ဘယ်လိုနေနေ ကော အခုလို ပြုံးပြုံးရွှင်ရွှင်ရှိနေတာကို ကျေနပ်နေမိတာပါပဲ...
ဒီနေ့က ကျွန်တော်ပုံမှန်သွားနေကျ တစ်ပတ်တစ်ခါ အစည်းအဝေးသွားရမှာမို့ ပြင်ဆင်နေတာ...။ ပြီးတော့ အရမ်းပျော်နေတဲ့ ကိစ္စလည်းရှိသေးတယ်...ကောအတွက် နှလုံးအလှူရှင်ရပြီတဲ့...။ အောင်မြင်နိုင်ချေနည်းနေမှန်းသိပေမယ့် ကျွန်တော်တစ်ခါလောက် ကောအတွက် ကြိုးစားကြည့်ချင်တယ်...
ရှေ့အပတ်က ချန်မင်းဆီသွားဖို့ လုပ်နေပေမယ့် ကောက ဖျားလိုက်...နှလုံးထဖောက်လိုက်ဖြစ်နေသေးတာမို့ ဒီအပတ်မှ သွားဖို့ ပြောလိုက်ရတယ်...။ အခုအခြေအနေနဲ့ ကောကို စိတ်လှုပ်ရှားတာမျိုး မဖြစ်စေချင်သေးဘူး...။ ကျွန်တော်တို့အတွက်မို့သာ စွန့်လွှတ်လိုက်ရပေမယ့် မမပန်းချီဆွဲတဲ့ အခန်းထဲမှာ ကျွန်တော်မသိအောင် ပန်းချီကားတွေကို သွားသွား ထိုင်ကြည့်ပြီး တိတ်တိတ်လေး မျက်ရည်ကျနေတတ်တဲ့ ကောကို မြင်ရတာ တကယ်ရင်နာမိပါတယ်....
" Yibo...သွားတော့မှာမလား..."
" အင်း ကျွန်တော် ခဏပဲသွားပြီးရင် ပြန်လာခဲ့မယ်နော်..."
" အင်းပါ...ရော့ အစည်းအဝေးမှာ သောက်လို့ရအောင် Green Tea ထည့်ပေးထားတယ်..."
" အဲ့ဒါတွေကြောင့် ကောကိုချစ်နေရတာ...။ ဒါနဲ့ ကျွန်တော် အစည်းအဝေးပြီးရင် အပြင်သွားကြမလား..."
" တကယ်သွားရမှာလား..."
" အင်း..သွားချင်တာ ရှိလို့လား..."
" ဒီနေ့ Sunday ဆိုတော့ အားယွမ်ကို ကစားကွင်းလိုက်ပို့ပေးချင်လို့...။ သူလည်း အိမ်နဲ့ကျောင်းပဲ ဖြစ်နေရှာတာ..."

CZYTASZ
Imperfection (Season 1) [Completed]
Fanfictionစောင့်ဆိုင်းတယ်ဆိုတဲ့ စကားလေးက အရမ်းနွေးထွေးလို့ ကျွန်တော့်ကိုကိုက အရမ်းသဘောကျတာပဲတဲ့လေ။ ဒါဆို ကျွန်တော်က မျှော်ငေးခြင်းကို ရွေးမယ်နော် ကိုကို... ဒီတစ်ဘဝလုံးတော့ ကိုကို့ကိုပဲ မျှော်ငေးပြီး အေးချမ်းနေချင်တော့တယ်... (Crd.❤️) ...