Chapter 17

9.1K 967 97
                                    


သုံးပတ်ပြည့်ပြီမို့ လက်က ကျောက်ပတ်တီးဖြုတ်လို့ရပြီး...အလုပ်ထဲလည်း ခုမှ ပြန်ဝင်နိုင်တော့တယ်...။ အခုတလော အားယွမ်လေးကိုလည်း ကျောင်းပို့ထားရပြီမို့ အရင်ကလောက် မကသီတော့...

ရှေ့အပတ်တွေကဆို ကျွန်တော့်မှာ လက်က သိပ်သုံးလို့မရတာကြောင့် Yibo ကပဲ အကုန်နီးပါး လုပ်ပေးနေရတာ...။ Yibo မားရှိတဲ့အချိန်တော်တော်များများဆိုရင်တော့ ဝိုင်းကြည့်ပေးနိုင်တာကြောင့် ပိုအဆင်ပြေသလို...အားယွမ်လေးကလည်း အခုဆို ကျွန်တော့်ထက်တောင် Yibo ကို ပိုခင်တွယ်နေပြီ...

သူ ကျောင်းကပြန်လာလို့ ညဖက်အချိန်ရတိုင်း ပန်းချီတွေ သင်ပေးဖြစ်ပေမယ့် သူလေးက ကြီးလာရင် Yibo လို ဆရာဝန်ကြီးလုပ်ပြီး ကျွန်တော် နေမကောင်းတာကို ကုပေးဦးမယ်ဆိုပဲ...။ နှစ်ယောက်လုံးက တကယ်အားကိုးရပြီး ချစ်ဖို့ကောင်းတဲ့ ကောင်လေးတွေ....

အခုမှ ပန်းချီကားကို ညာဖက်နဲ့ ပြန်စဆွဲရတာမို့ သိပ်တောင် အသားမကျချင်သေး...။ မနက်က Yibo က အားယွမ်ရော ကျွန်တော့်ရောကို ပို့ပေးပြီးမှ ဆေးရုံထွက်သွားတာ...။  ကျွန်တော့်လက်ကို ကားမမောင်းစေချင်သေးတာ‌ကြောင့် သူနေ့လည်  ဝင်ကြိုပေးမယ်လို့ ဆိုထားတာမို့ ပန်းချီကားကို လက်စသတ်ရင်း စောင့်နေလိုက်တော့သည်...



ကျွန်တော် ကောကို ဝင်ကြိုပေးဖို့ ဆေးရုံနားချိန် အမြန်ထွက်လာလိုက်တာ...။ သူ့လက်လေး ကောင်းကာစမို့ ကားပြန်မမောင်းစေချင်သေး...ဒါပေမယ့် ထင်ထားတာထက် ကားတွေပိတ်နေတာကြောင့် သူ့ဆီ တော်တော်နဲ့ မရောက်နိုင်...။ သူ ဗိုက်များဆာနေလောက်ပြီလား မသိဘူး...


" ဆရာ Xiao ကတော့ ဘယ်လက်နဲ့ပဲဆွဲဆွဲ ပုံတွေက မိုက်နေတာပဲနော်.."

ကျွန်တော် သူ့နားနား ကပ်ပြီးပြောလိုက်တာမို့ လန့်သွားပုံ...ယိုင်ကျမလို ဖြစ်သွားတာကို လှမ်းထိန်း‌ထားလိုက်ရတာမို့ ရင်ခွင်ထဲကို ထွေးခနဲ...။ ဆတ်ခနဲ ရုန်းသော်လည်း တမင်ညစ်ပြီး ဖက်ထားလိုက်တာမို့ သူ စိတ်တိုသွားပုံပင်...

" ချန်မင်း...ဖယ်..စကားကို ကောင်းကောင်းပြော...မင်းနဲ့ ရန်မဖြစ်ချင်သေးဘူး..."

Imperfection (Season 1) [Completed]Wo Geschichten leben. Entdecke jetzt