Chapter 1

8K 228 2
                                    

Unicode

မနက်ခင်းဝေလီဝေလင်း အစောပိုင်းမှာ မြူခိုးတွေနေရာအနှံ့မြင်နေရတဲ့အချိန်ပေါ့
ကျွန်မလက်ထဲမှာကျွန်မရဲ့အမေဓာတ်ပုံကိုကိုင်ပြီးထိန်ပင်သို့သွားရန်ကားပေါ်သို့တတ်လိုက်သည်။
ဓာတ်ပုံထဲတွင်ကျွန်မအမေအရမ်းလှနေပြီးအတောက်ပဆုံးအပြုံးကိုမြင်တွေ့နေရသည်။
ကံဆိုးသည်မှာထိုသို့လှပသောအပြုံးက်ုကျွန်မမမြင်တွေ့နိုင်တော့ပေ။
အဖေမှကျွန်မအားဝမ်းမနည်းဖို့ပြောနေရင်းသူ့မျက်ဝန်းမှမျက်ရည်စကိုသုတ်နေသည်။
အမှန်တော့ကျွန်မငိုချင်စိတ်လည်းမရှိသလိုငိုလည်းမငိုနိုင်ခဲ့။
ဓာတ်ပုံထဲကအမေ့ရဲ့အပြုံးတွေလိုအတောက်ပဆုံးအပြုံးတွေနှင့်ပင်နှုတ်ဆက်ချင်သည်။

ထိန်ပင်သို့ရောက်သော် အမေ့၏အသက်မဲ့နေသော ခန္ဓာကိုယ်ရှိရာသို့အလျင်အမြန်သွားခဲ့သည်။ ဘေးတွင်အစ်မ မှအမေ့ရဲ့အသုံးအဆောင်များအားသဂြိုလ်ရာတွင်ထည့်ပေးရန်စီစဥ်ပေးနေသည်။ ရေခဲတိုက်မှထုတ်လာသောကြောင့်အမေ့ရဲ့ခန္ဓာမှာရေငွေ့လေးများခိုတွဲနေသည်။
အမေ့ရဲ့သူငယ်ချင်းတွေ အမျိုးတွေကတော့ငိုနေကြပြီးအမေ့ကိုနှမြောကြောင်း လောကကြီးကထွက်ခွာတာစောသေးသည်ဟူသောစကားများသာပြောနေကြသည်။

ကျွန်မဘာမျှပြန်မပြောနိုင်ပါ။ ငိုလည်းမငိုန်ိုင်သလို စကားများလည်းပြောမထွက်ခဲ့ပါ။
အမေ့အားမီးသဂြိုလ်ချိန်အပြင်မှသာရပ်ကြည့်နေနိုင်ခဲ့သည်။
မီးသဂြိုလ်စက်ရှိရာနေရာကိုအမျိုးသမီးများမဝင်ရဆိုသည့်ဆိုင်းပုဒ်ကိုသာတွင်တွင်ကြည့်နေမိသည်။

အခမ်းအနားကိစ္စတွေပြီးစီးသွားသောအခါတွင် အသုဘအတွက်ဝေထါးသော ယပ်တောင်များလိုက်သိမ်းနေချိန်တွင် မိန်းကလေးတယောက်မှ
"ဒေါ်စန်းကြည်ရဲ့သမီးလား ကျွန်မ သူကုသဖူးတဲ့လူနာတယောက်ပါ ကျွန်မရဲ့ဆီးချိုရောဂါကိုအချိန်အတော်ကြာကုသပေးခဲ့ပါတယ်။ ကျွန်မနာမည်နှင်း​ဝေပါ။ သူအခုလိုကင်ဆာနဲ့ဆုံးသွားလိမ့်မယ်ကျွန်မမထင်ခဲ့ဘူး။ဆရာမကတကယ်တော်တဲ့ဆရာဝန်တယောက်ပါ။ အခုရောအခမ်းအနားက..." ထိုသို့ပြောပြီးနောက် ဟိုကြည့်သည်ကြည့်နှင်ဖြစ်နေတာမို့ ယပ်တောင်နဲ့ရေဘူးအားကမ်းပေးလိုက်ပြီး
"အမေ့ရဲ့ဇာပနကခုနကပဲပြီးသွားတာပါ အခုကျန်တဲ့ပစ္စည်းတွေသိမ်းနေတာပါ အဲ့တာလေးတွေယူသွားပြီးအမေ့ကိုစိတ်ထဲကပဲနှုတ်ဆက်လိုက်ပါနော်" ထိုစဥ်ထိုမိန်းက​​လေးမှ "ကျွန်မလာတာနောက်ကျသွားတာပေါ့နော် အမတို့လည်းပင်ပန်းနေမှာပဲ ကျွန်မအတွက်အားနာစရာမလိုပါဘူး ကျွန်မကားနဲ့ပဲပြန်လိုက်ပါတော့မယ်" ထို့သို့ပြောကာနှုတ်ဆက်ကာထွက်သွားတော့သည်။

Never ending LoveWhere stories live. Discover now