Chapter 14

1.6K 136 0
                                    

Unicode 💜💜💜

ဆိုင်ထဲသို့ဝင်သွားသည်နှင့် ရဲနိုင်က သူရှိသောနေရာကို သိစေရန် လက်လှမ်းပြလေသည်။ သူ့အရှေ့ ထိုင်ခုံတွင်ဝင်ထိုင်လိုက်ပြီး waiterလေးအား လ္ဘက်ရည် တခွက်မှာလိုက်သည်။ ရဲနိုင်က သူ့လက်ထဲက ဆေးလိပ်ကို ပြာခွက်ထဲတွင် ခြေမွ လိုက်ပြီး စကားစပြောလေသည်။

ရဲနိုင် " နှင်းဝေနဲ့ပတ်သက် ပြီးအစ်မ အထင်လွဲနေတဲ့ အကြောင်းတွေ ရှင်းပြချင်လို့ပါ။ အစ်မတို့ကြားက ပြသနာက ကျွန်တော့်ကြောင့် ဖြစ်တာဆိုတော့ စိတ်မကောင်းလည်းဖြစ်မိလို့ပါ။ "

တာရာ " အစ်မအထင်လွဲနေတာဆိုလည်း သေချာတဲ့အကြောင်းပြချက်နဲ့ သူပြန်ဖြေရှင်းသင့်တာပေါ့။"

ရဲနိုင် " နှင်းဝေက သူ့ကိုယ်သူ အပြစ်အကြီးကြီး လုပ်လိုက်မိတယ်လို့တွေးနေတာပါ။ အဲ့တာကြောင့် အစ်မ မန္တလေးကိုပြောင်းလိုက်တာကိုလည်း သူ့ရဲ့စကား​​​တွေ ကြောင့် သူ့ကိုမုန်းသွားလို့လုပ်တယ်ဆိုပြီးနောင်တရနေတာ။ သူမျက်နှာမှာ အရင်လို အရယ်အပြုံး မရှိတော့တာတောင်ကြာပြီအစ်မ။ "

ထိုစကားကြားပြီး စိတ်မကောင်းတော့ ဖြစ်သွားမိသည်။ မိမိလုပ်ရပ် လွန်သွားပြီဟုလည်းတွေးနေမိသည်။

ရဲနိုင် " စေ့စပ်ပွဲ ဆိုတာလည်း အမှန်တော့ ကျွန်တော့မိဘတွေက အတင်းစီစဥ်တာပါ။ ကျွန်တော့မိဘ တွေက ကျွန်တော် နိုင်ငံခြားမှာ မေဂျာပြောင်းတတ်တယ်ဆိုတာ သိသွားတယ်။ သူတို့ဖြစ်စေချင်သလို စီးပွားရေးလိုင်း မရောက်ပဲ အနုပညာကိုစိတ်ဝင်စားတဲ့ ကျွန်တော့ကို အပြစ်ပေးတဲ့ အနေနဲ့ အိမ်ထောင်ချပေးဖို့ကြိုးစားတယ်။ ဖြစ်ချင်တော့ နှင်းဝေက စီးပွားရေးနဲ့ကျောင်းပြီးတဲ့အပြင် အလုပ်ပါလုပ်နေတော့ ကျွန်တော့မိဘတွေ ချွေးမတော်ဖို့ မျက်စိကျခဲ့တာပေါ့။

တနေ့ အဖေနဲ့အမေ က နှင်းဝေတို့မိသားစုကို အပြင်မှာ ထမင်းဖိတ်ကျွေးတယ်။ အဲ့အချိန်မှာပဲရုတ်တရက်ကြီး ကျွန်တော်တို့ကို စေ့စပ်ပေးဖို့ နှင်းဝေတို့မိဘကို တောင်းဆိုလေရဲ့။ နှင်းဝေ သာလက်မခံရင် ကျွန်တော့ကို ဦးလေးရဲ့ စစ်ထဲ ပို့မယ်ဆိုပြီး ခြိမ်းခြောက်တယ်လေ။ "

Never ending LoveWhere stories live. Discover now