Chapter 15

1.6K 122 2
                                    

Unicode 💜💜💜

ရဲနိုင်က နှင်းဝေ ဘယ်ရောက်နေလည်း အတိအကျသိအောင် လှမ်းဖုန်းဆက်လေသည်။
သူတို့နှစ်ယောက် စကားပြောတာ ၅မိနစ်တောင်မကြာလိုက်ပါ။ ကျွန်မလည်း သိချင်ဇောလောလောနဲ့ မျက်လုံး ပြူးပြီးမေးလိုက်သည်။

တာရာ " နှင်းဝေ ဘာပြောလည်း။ "

ရဲနိုင် " သူအခု Hotel Mandalay မှာရှိနေတယ်တဲ့။ နေ့လည်စာစားမလို့ ပြင်နေတယ်လို့ပြောတယ်။ "

တာရာ " ဟုတ်လား။ အစ်မ အခုပဲ အမြန်လိုက်သွားလိုက်မယ်။ "

ရဲနိုင် " Hotel Restaurant မှာ မရှိရင် အခန်းနံပါတ် ၁၀၃ ကို သွားလိုက်နော်။ အဲ့တာနှင်းဝေအခန်းနံပါတ်။ "

တာရာ " အေးအေး မောင်လေးရော hotel မပြန်သေးဘူးလား။ "

ရဲနိုင် " ကျွန်တော်ရောက်တုန်းရောက်ခိုက် မန္တလေး ကို ပတ်လိုက်အုန်းမယ်။ "

ကျွန်မလည်း ဆက်မမေးတော့ပဲ ရဲနိုင်ကို နှုတ်ဆက်ကာ နှင်းဝေ ရှိရာကိုသာ ဆိုင်ကယ်ကယ်ရီ ငှားပြီး သွားလ်ိုက်သည်။

မန္တလေးရဲ့ အပူချိန်ကြောင့်လား နှင်းဝေနဲ့ တွေ့ရမည်ဆိုသည့် စိတ်လှုပ်ရှားမှု ကြောင့်လား တော့မသိ ကိုယ်ပေါ်ဍ် ချွေးဒီးဒီးကျ နေသည်။ Hotel သို့ရောက်သည်နှင့် hotelဝင်ပေါက်နားက မှန်ပြတင်းပေါက်ကို လှမ်းကြည့်လိုက်သည်။ မှန်ထဲတွင် ကျွန်မပုံရိပ်ပေါ်နေသောကြောင့် ရှုပ်ယက်ခတ်နေတဲ့ဆံပင်နဲ့ အနည်းနည်းငယ် မသေမသပ်ဖြစ်နေသော ဘောင်းဘီခက်ပွပွ၊ T shirt တို့ကိုပြင်လိုက်ပြီး hotelထဲသို့ဝင်လိုက်သည်။

Hotel reception သို့သွားပြီး hotel restaurant တည်နေရာ အရင်မေးလိုက်သည်။ ခြေလှမ်းခပ်သွက်သွက်နှင့် နှင်းဝေရှိရာ ဦးတည်သွားလိုက်သည်။ အနည်းငယ်ရှင်းလင်းနေသော restaurant ထဲတွင် နှင်းဝေ က ကကျွန်မကို ကျောပေး ကာထိုင်နေလေသည်။ ကျွန်မကို မမြင်သည့်ပုံမလို့ မသိမသာအနားကပ်ကာ သွားလိုက်သည်။ နှင်းဝေသည် အရှေ့က ငါးကိုကြိုးတုပ်ပြီးချက်ထားတဲ့ ငါးဒုက္ခ ဟင်းပွဲကို မမှိတ်မသုန်ကြည့်နေလေသည်။ ပြီးနောက် ဘေးက နီကျင်ကျင်အရည်ကိုတဖန် ပြန်လှည့်ကြည့်နေလေသည်။

Never ending Loveحيث تعيش القصص. اكتشف الآن