Chapter 24

4.5K 163 6
                                    

Unicode 💜💜💜

ဒီနေ့က ရုံးပိတ်ရက်ဖြစ်တဲ့ စနေနေ့လေးပေါ့။ နှင်းဝေတို့အိမ်ကို ထမင်းစားဖိတ်ထားတဲ့နေ့ဆိုလည်း မမှားပါဘူး။ အိမ်က အဖေနဲ့ အန်တီလည်း ထမင်းစားဖိတ်တဲ့အကြောင်းကြားတုန်းက အံသြနေခဲ့ကြတာ။ အခုလို လွယ်လွယ်ခွင့်ပြုမယ်လို့ မထင်ခဲ့ကြဘူးလေ။

အခုတော့ နှင်းဝေတို့ အိမ်ရဲ့ ဧည့်ခန်းမှာ နှင်းဝေရဲ့ အဖေနဲ့အမေကိုတွေ့ဖို့ ၊ အဖေနဲ့အတူ ကျွန်မလည်း စောင့်နေရတယ်လေ။ အန်တီ ကတော့ နေမကောင်းဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ အိမ်မှာနေခဲ့တာပဲ။ သူမ လိမ်နေမှန်းတော့သိပါတယ်။ သူမအနေနဲ့ အခုလို တွေ့ဆုံရတာ အနေကြပ်နေမှာပေါ့။

နှင်းဝေ တစ်ယောက်ကတော့ ထုံးစံအတိုင်း အဖေ့ဘေးနားကပ်ပြီး ချွေးမအလိမ္မာလေး လုပ်နေလေရဲ့။

နှင်းဝေ " အဖေ... အဖေ့အတွက် သံပုရာရည် လေး။ သမီး ကိုယ်တိုင်ဖျော်ထားတာ။ "

တာရာ " ဒီက အစ်မ အတွက်ရော။ "

နှင်းဝေ " ပြီးမှ အပြင်မှာလိုက်တိုက်မယ် အစ်မကိုတော့။ "

တကယ်ပဲ သူကိုယ်တိုင်ဖျော်ထားတာလေး သောက်ချင်လို့ပါ ဆိုတာကို နားကိုမလည်ဘူး။

ဧည့်ခန်းထဲမှာ ကျွန်မနဲ့ နှင်းဝေ ချစ်စဖွယ်အငြင်းအခုံလေး လုပ်နေတုန်း Bossနဲ့ နှင်းဝေအမေ ရောက်လာလေသည်။ ခုနကဆူပုတ်နေတဲ့ ကျွန်မပုံစံ ကိုပြန်ပြင်လိုက်ပြီး ရင့်ကျက်တည်ငြိမ်တဲ့ ပုံစံ ​ပြောင်း လိုက်သည်။ နှင်းဝေအမေကတော့ အရင်လို မဟုတ်ပဲ ကျွန်မ အဖေကို ချိုချိုသာသာနဲ့ ကြိုဆိုရှာပါတယ်။ ထိုအခါမှ ကျွန်မ ရင်ထဲက အလုံးကြီး ကျသွားသလို ခံစားလိုက်ရသည်။

နှင်းဝေ အမေ " တာရာ့ အဖေထင်တယ်။ တွေ့ရတာဝမ်းသာပါတယ်။ သမီးလေးကို ကောင်းကောင်းမွန်မွန် သင်ကြားဆုံးမထားတာပဲ။ ကလေးက အတော်လေး လိမ္မာတယ်။ အိမ်ကသမီးပဲပြောနေရတာ ။ သမီးက တဇွတ်ထိုးလေး ဆိုတော့။ "

ဦးလွန်းကြည် " နှင်းဝေလည်း လိမ္မာပါတယ်။ အရမ်းချစ်ဖို့ကောင်းတဲ့သမီးလေးကိုမွေးထားတာပဲ။ ကျွန်တော့သမီးကိုလည်း အရမ်းချစ်ပေး တာတွေ့ရတော့ အရမ်းဝမ်းသာမိပါတယ်။ ကျွန်တော့သမီး ကို တသက်လုံး အပျိုကြီး ဖြစ်သွားမယ်ထင်နေတာ ...အခုမှ စိတ်ချသွားတော့တယ်။"

Never ending LoveWhere stories live. Discover now