Chapter 20

1.5K 135 0
                                    

Unicode 💜💜💜

မနက်မိုးသောက်ချိန်ရောက်သော် နှင်းဝေ အား သူ့မိဘတွေအိမ် လိုက်ပို့ရန် ရန်ကုန်သို့ပြန်ခဲ့ရသည်။

နှင်းဝေ " အစ်မ ညီမကို မိဘတွေဆီ ပြန်ပို့ပြီး လမ်းခွဲမှာတော့ မဟုတ်ပါဘူးနော်။ "

တာရာ " ဟား...ဟား... အဲ့လိုဖြစ်စရာလား။ စိတ်ချ နှင်းဝေက ပစ်သွားရင်တောင် အစ်မက ခြေထောက်ကို ဖက်ပြီး ဆွဲထားအုန်းမှာ။ "

နှင်းဝေတို့အိမ်ရှေ့ရောက်တော့ ခြေလှမ်းတွေ ခေတ္တရပ်တန့်သွားသည်။ သပ်ပြင်းရှည်ကြီးကိုချပြီး နှင်းဝေ မိဘတွေနဲ့တွေ့ရန်အားတင်းလိုက်သည်။

နှင်းဝေ " အစ်မ အဆင်ပြေရဲ့လား။ "

နှင်းဝေ မှ မိမိ လက်ကလေးကိုကိုင်ပြီး စိုးရိမ်နေသော လေသံဖြင့်မေးလေသည်။

တာရာ " အစ်မ အဆင်ပြေ ပါတယ်။ နှင်းဝေမိဘတွေ ဘာပဲပြောပြော နှင်းဝေ ဝင်မပါဘူးလို့ ကတိပေးမယ်မလား။ "

ထိုအခါနှင်းဝေ က ခေါင်းကို ​အနည်းငယ်သာ ငြိမ့်ပြလေသည်။ ပြီးနောက် ခြံတံခါးဝရှိ လူခေါ် bellကို တီးလိုက်သည်။ မကြာမီ မှာပင် ခြံစောင့်ကောင်လေးက ထွက်လာပြီး တံခါးဖွင့်ပေးလေသည်။

အိမ်ထဲသို့မရောက်မှီ အချိန်မှာပင် အဒေါ်ကြီးတဦးမှ ရုတ်တရက် ပြေးလာပြီး နှင်းဝေ အား ကပျာကရာ နှင့် ပွေ့ဖက် နှုတ်ဆက်နေလေသည်။

နှင်းဝေ အမေ (ဒေါ်မြမြစန်း)
" သမီးလေး အမေ ဘယ်လောက်စိတ်ပူနေလည်းသိလား။ အမလေး အမေ့သမီးလေး မျက်နှာလေးတောင် ချောင်ကျ သွားသလိုပဲ။ "

ထိုအခါမိမိ မှာလည်း ဝတ္တရားရှိတဲ့ အတိုင်း နှုတ်ဆက်လိုက်လေသည်။

တာရာ " အန်တီ မင်္ဂလာပါ ။ သမီး နာမည် တာရာပါ။ သမီးက.... "

ထိုစဥ်ရုတ်တရက် ဒေါ်မြမြစန်း က ကျွန်မ၏ ညာဖက် ပါးကို သူမရဲ့ လက်ဝါးနဲ့ ဖြန်းခနဲ မြည်အောင် ရိုက်လိုက်လေသည်။ ပါးတပြင်လုံးနီမြန်းသွားပြီး ပါးစောင်ထဲကပါ သွေးများ ထွက်လာသကဲ့သို့ ခံစားလိုက်ရသည်။

နှင်းဝေ မှ " အမေ" ဆိုပြီး နားစည်ကွဲထွက်မတတ် အော်လိုက်လေသည်။

Never ending LoveWhere stories live. Discover now