Chapter 2

2.4K 172 0
                                    

Unicode

Monday ရုံးတတ်ရက်ရောက်ခဲ့ပြီ

ကျွန်မရုံးရောက်လျှင်ထိုကောင်မလေးအားဘယ်လိုသင်ကြားပြသရမလည်း အတော်စဥ်းစားနေရသည်။ အရမ်းလည်းဆူငေါက်လို့မရသလို ဒီအတ်ိုင်းလည်း လွှတ်ထားလို့မရ။ ရုံးရောက်မှမီးစဥ်ကြည့်ကရမည်။

ရုံးသို့ရောက်သော်

ရုံးတွင်တခြားသူများထက်ထိုကောင်မလေးက စောရောက်နေတယ်ဆိုသိသာသည်။ သူမအလုပ်စားပွဲကိုနေရာတကျထားပြီးသည့်အပြင် တခြားသူများအတွက်နံနက်ခင်း ကော်ဖီတောင်ဖျော်ပေးလိုက်သေးသည်။ ခေသူတော့မဟုတ်ပေ။
ကျွန်မကိုတွေ့သော် အတင်းပြုံးပြပြီးနှုတ်ဆက်သည့်အပြင် ကော်ဖီခွက်ကိုင်ကာ ကျွန်မရုံးခန်းအထိလိုက်လာသည်။

တာရာ: " ညီမနှင်းဝေအခုလိုမနက်ပိုင်းကော်ဖီဖျော်တာတော့ လုပ်ပေးစရာမလိုလောက်ပါဘူး။ နောက်ပ်ိုင်းညီမ အတွက်အလုပ်တခုလိုဖြစ်သွားမှာဆိုးလို့ပြောတာပါ။ အမအတွက်လည်းကို့ဘာသာကော်ဖီဖျော်လိုက်တာ အပန်းမကြီးပါဘူး။"

နှင်းဝေ: "ရပါတယ်အမ ညီမလုပ်ပေးချင်လို့ပါ။ အဲ့လိုကော်ဖီဖျော်ပေးတော့ ရုံးကလူတွေနဲ့လည်းရင်းနှီးသွားတာပေါ့။ အမလည်းလိုအပ်တာရှိရင်ညီမကိုခိုင်းလို့ရတယ်နော်။ ပြီးတော့အမဆီကသင်ယူစရာတွေလည်းအများကြီးပဲဆိုတော့။ ညီမမသိတာတွေရှိရင်လာမေးလို့ရတယ်မလား။"

ထို့နောက်ကျွန်မလည်းရေလိုက်ငါးလိုက်နှင့်ပင်ပြန်ပြောလိုက်သည်။
တာရာ: " မေးစရာရှိရင်မေးလို့ရပါတယ်။ ရုံးမှာလည်းလုပ်သက်ရင့်တဲ့ အမတွေရှိတယ်လေ။ သူတို့ကိုလည်းမေးပေါ့။ အမက marketing manager ဖြစ်နေတော့ အလုပ်မှာရှိတဲ့အချိန်ရှားတယ်လေ။ စျေးကွက်ထဲလေ့လာနေရတာဆိုတော့ အမြဲတော့ အားနေတဲ့အချိန်သိပ်မရှိလို့ပါ။"

နှင်းဝေ: "အဲ့တာဆိုနှင်းဝေ အမအားတဲ့အချိန် လာမေးမယ်နော်။ အခုတော့သွားလိုက်ပါအုန်းမယ်။ "

ဒီကလေးမတော်တော်ခက်တာပဲ မေးမှာဆိုးလို့ပိတ်နေတာကို မရမကမေးအုန်းမယ်တဲ့။ သူဠေးရဲ့သမီးဆိုတော့ငေါက်လို့လည်းမရ။ ဒီခေါင်းမာတဲ့ကလေးမလေးကိုဘယ်လိုလုပ်ရမှန်းမသိတော့ဘူး။

Never ending LoveDonde viven las historias. Descúbrelo ahora