Chapter 23

1.5K 130 2
                                    

Unicode💜💜💜

အထူးအဆန်းဆိုရင် ပိုပြီး စပ်စုတတ်ကြတဲ့ လူ့သဘာဝအတိုင်း နှင်းဝေနဲ့ ကျွန်မ ကိစ္စကလည်း နှင်းဝေတို့အသိုင်းအဝိုင်းကြားမှ ပြောစရာ သတင်းထူးလိုမျိုး အလျင်အမြန်ကို ပျံနှံ့သွားတော့တာပါပဲ။ သကောင့်သားရဲ့ ကျေးဇူး လို့ပြောရင်လည်း မမှားဘူးပေါ့။ သူ့ကို လူကြားထဲ ကျွန်မတို့နှစ်ယောက်က အရှက်ခွဲတယ်ဆိုပြီး သူ့အမေပြန်တိုင်တာတဲ့လေ။

သားအမိနှစ်ယောက်လိုက်တယ်ပဲပြောရမလား... တပတ်တောင်မကြာပဲ နှင်းဝေက လိင်တူကြိုက်တဲ့သူဆိုပြီး သူဠေးမိသားစု အကုန်သိသွားလေရဲ့။ နှင်းဝေအမေလည်း နောက်ဆုံးတော့ နှင်းဝေကို ယောကျာ်း ပေး စားလို့ မရတော့ဘူး ဖြစ်နေတာပေါ့။ အဆိုးထဲကညအကောင်းလို့ပြောရမယ် လူအများကြီးသိသွားတော့ အရင်လို ခိုးကြောင်ခိုးဝှက်နဲ့ နေစရာမလိုတော့ဘူး။

ဟိုရောက်သည်ရောက်အတွေးအပိုင်းအစတွေကို ပြန်ရုတ်သိမ်းလိုက်ပြီး ပွက်ပွက်ဆူနေတဲ့ ဟင်းထဲကို ဟင်းခတ်အမွှေးအကြိုင်တွေထည့်နေလိုက်သည်။ နှင်းဝေတယောက် အဖေနဲ့တွေ့ဖို့ အိမ်အလည်လာမယ်ဆိုပြီး ပြောထား၍ မိမိဟင်းချက် စွမ်းရည် တွေ အကုန်ထုတ်သုံးနေခြင်းဖြစ်သည်။

အဖေက တော့မနက်စောစောထဲက ပြာယာခတ်နေတဲ့ ကျွန်မ ကို မျက်စိနောက်၍လားမသိ အိမ်ရှေ့က ပန်းပင်လေးတွေကို သာရေလောင်းနေလေသည်။ အန်တီ( အမေလေး) ကတော့ အသီးအရွက်တွေ ဝိုင်းပြီးလှီးချွတ်ပေးနေလေသည်။

လူခေါ်ဘဲလ်တီးသံ ကြားလိုက်ရသည်နှင့် အိမ်ရှေ့ အလျင်အမြန် ပြေးထွက်လိုက်သည်။ အိမ်ရှေ့ရောက်တော့ အဖေက တံခါးတောင်ဖွင့်ပေးပြီးပြီ ဖြစ်၍ နှင်းဝေ တောင် အိမ်ထဲရောက်နေလေပြီ။

တာရာ " လာအထဲဝင်လေ။ အစ်မ ညီမ အကြိုက်ဟင်းတွေ အများကြီးချက်ထားတယ်။ "

ဦးလွန်းကြည် " မနက်ကတည်းက အိမ်မှာ တယောက်တည်း ပြာယာခတ်နေတာ နှင်းဝေရေ။ ဦးဆိုမျက်စိကိုနောက်နေတာပဲ။ "

နှင်းဝေ " ဟုတ်သားပဲ အစ်မကလည်း။ အဖေကို မျက်စိနောက်အောင်မလုပ်နဲ့လေ။....ဒီမှာ အဖေ့ အတွက် Milo ရယ် နဂါးမောက်သီးတွေရယ် ဝယ်လာတယ်...။ "

Never ending LoveOù les histoires vivent. Découvrez maintenant