Chapter 12

1.6K 142 0
                                    

Unicode💜💜💜

ညစ်ငြူးနေသော စိတ်များကိုဖြေဖျောက်ရန် ပိတ်ရက် မနက်ခင်းလေးတွင်စောစောထပြီး snow(တာရာမွေးထားသောခွေးလေး) လေးနဲ့အတူ လမ်းလျှောက်ထွက်လာခဲ့လိုက်သည်။ မြေနီကုန်း ကပြည်သူ့ရင်ပြင် ရောက်သည်နှင့် ခရီးတခေါက်နားလိုက်သည်။ မောပန်းနေသော ခန္ဓာကိုယ်ကို ခဏအနားပေး ကာ ရေသောက်လိုက်ပြီး snow လေးကိုလည်းလည်ပတ်ကြိုးဖြုတ်ကာ ပန်းခြံထဲပေးကစားလိုက်သည်။

အခုရက်ပိုင်း နှင်းဝေကိုရှောင်နေရတာကိုပင်မောပန်းသလိုခံစားနေရသည်။ နှင်းဝေလည်း ကျွန်မ ရှောင်နေသည်ကို သတိထားမိနေပြီဖြစ်သည်။ သို့သော် နီးစပ်ရန်မဖြစ်နိုင်တော့သည့် သံယောဇဉ် ကို အခုအချိန်တွင်အပြတ်ဖြတ်မှဖြစ်မည်။ အတွေးများနေစဥ် snowလေးက ကျွန်မ ရှိရာသို့ သူ့ခြေထောက်တိုတိုလေးများဖြင့် တလှုပ်လှုပ် လာနေလေသည်။

အသည်းကွဲသောဒဏ်ကို snowလေးကိုထိန်းကျောင်းရင်းနဲ့ပင်ဖြေဖျောက်နေရသည်။

တာရာ " Snowလေး ဆော့လို့ဝသွားပြီလား။ လာပါအုန်း မမဆီကို။ ချစ်ဖို့ကောင်းလိုက်တာ ဘယ်သူနဲ့တူလို့လည်းမသိဘူး။ ”

အမှန်တော့ခွေးပေါက်လေးကို snow လို့နာမည်ပေး တာ အကြောင်းအရင်းတော့ရှိလေသည်။ snow ရဲ့ချစ်ဖို့ကောင်းနေမှုက နှင်းဝေနဲ့ဆင်တူသည်ဟု ထင်မြင်မိသောကြောင့်ပင်။ နှင်းဝေရဲ့ ရှေ့စာလုံး "နှင်း" ကို ယူပြီး english လိုမှည့်ထားခြင်းဖြစ်သည်။ အနည်းဆုံးတော့ နှင်းဝေရဲ့ပုံတူလေးကို ပိုင်ဆိုင်ခွင့်ရှိသည်မလား။

တာရာ " လာ snow လေး မမတို့အိမ်ပြန်ကြရအောင်။ "

Snow ကို လည်ပတ်လေးပြန်ပတ်ပေးပြီး ကန်တော်ကြီးဘေးပတ်လည် လျှောက်လမ်းကိုဖြတ်ပြီး အိမ်သို့ပြန်ခဲ့သည်။

အိမ်သို့ရောက်သော် အိမ်အဝတွင် အဖေတို့လင်မယား ရောက်နေသည်ကို တွေ့လိုက်ရသည်။
အထဲတွင်လူမရှိသောကြောင့် အိမ်တံခါးရှေ့ ရပ်စောင့်နေပုံပင်။ ကျွန်မကိုတွေ့သည်နှင့် အလွန်ပျော်ရွှင်သွားပုံနှင် လှမ်းခေါ်နေသော အဖေ့ကို ကျွန်မ သည်လည်း နွေးထွေးသောအပြုံးနှင့်သာ ပြန်ပြုံးပြလိုက်သည်။

Never ending LoveOnde histórias criam vida. Descubra agora