Chapter 11

1.5K 135 3
                                    

Unicode💜💜💜

ငိုထားရလွန်း၍ မျက်လုံးများပင်ကြိမ်းစပ်နေပြီ။ လူမမာရုပ်ပေါက်နေသဖြင့် ရုံးသွားရန် အဆင်မပြေတော့ပေ။ အသက်၂၈ ရောက်မှ အသဲကွဲနေတဲ့ မိမိအဖြစ်ကိုတွေးပြီး ရင်တောင်နာလာသလိုလို။ ခွင့်တရက်တိုင်ဖို့ရုံးကို ဖုန်းဆက်လိုက်သည်။
ရုံးမှ မဝေ အား မိမိနေမကောင်း၍ ရုံးတတ်ရန်အဆင်မပြေကြောင်း ပြောလိုက်သည်။

ပြီးနောက်မိမိ အိပ်ရာထက်တွင် အတတ်နိုင်ဆုံးကိုယ်လေးကိုကျုံ့ပြီး ခွေနေလိုက်သည်။ မနက်စာစားဖို့လည်း အာရုံမရတော့သည်မို့။ တယောက်တည်း ဘယ်သူမှလည်း လာဂရုစိုက်မည် မဟုတ်သောကြောင့်လည်းပါမည် ထင်သည်။ မျက်လုံးမှိတ်လိုက်သော်လည်း စနေနေ့ညက အဖြစ်အပျက် ကိုပဲပြန်မြင်ယောင်နေသည်။

ရုတ်တရက် အမေ့ကိုလွမ်းသလိုတောင်ခံစားလာရသည်။ ၂ရက်လောက်မအိပ်ရသေး၍ ဖြစ်မည် မျက်လုံးတွေက မှေးဆင်းလာပြီး ရုတ်တရက် လောကကြီးနဲ့ အဆက်ပြတ်သလိုဖြစ်သွားသည်။

နားထဲတွင် နှင်းဝေရဲ့အသံကိုကြားရလိုဖြစ်နေသည်။ တဖြည်းဖြည်း အသံကပိုပီပြင်လာသည်။

နှင်းဝေ " အစ်မ သက်သာရဲ့လား။ ညီမ အစ်မကိုရေပတ်တိုက်ပေး ထားတယ်။ နည်းနည်းထိုင်လို့ရရင် ညီမဝယ်လာတဲ့ စွပ်ပြုတ်တိုက်မယ်နော်။ က်ုယ်တွေလည်း ပူကျစ်နေတာပဲ။ ညီမ မလာရင် ဘယ်လိုလုပ်မလည်းတယောက်တည်း။ "

တာရာ "သက်သာပါတယ်။...ဘယ်လို ..ရောက်.."

နှင်းဝေ " အစ်မဝေ ပြောတာလေ။ အစ်မတာရာ နေမကောင်းလို့ရုံးမလာနိုင်ဘူးပြောလို့။ ရုံးကအပြန်စွပ်ပြုတ်ဝင်ပို့တာ။ အခုလောက်အထိ အဖျားကြီးနေမယ်တောင်မထင်ဘူး။ ကို့ကိုယ်ကို ဂရုစိုက်ပါ အစ်မရယ်။ "

မိမိနေမကောင်းဖြစ်ရတဲ့ အကြောင်းအရင်းလေးက ကို့ကိုယ်ကို ဂရုစိုက်ဖို့ပြောနေတော့ ရယ်ချင်လာသလိုလိုပဲ။ ...ခွေးပေါက်လေး... အခုမှသတိရတယ်။ မနေ့ညထဲက လှောင်အိမ်ထဲထည့်ထားမိတာ။ တနေ့လုံးလည်း အစာမကျွေးရသေးဘူး။

တာရာ " နှင်းဝေ... ဟို..လှောင်အိမ်ထဲက... ခွေးလေးကို... ထုတ်လိုက်ပါ။ "

Never ending LoveWhere stories live. Discover now