Chapter 7

1.7K 131 0
                                    

Unicode💜💜

အချိန်တွေ က တဖြည်းဖြည်းရွေးလျား သွားနေသည်မှာ အဖေ့ရဲ့ လက်ထပ်ပွဲ အချိန်တောင်ရောက်လာခဲ့သည်။ နှင်းဝေလည်း company ရောက်တာ ၇ လ လောက်ရှိပြီ မလို့ အတော်လေး လူကြီး ပုံ ပေါက်လာသည်။ အရင် က ကလေးလိုပုံစံနှင့် နှင်းဝေ က ချစ်ဖို့ ကောင်းသလို ယခု လို ရင့်ကျက်လာတော့လည်း သိမ်မွေ့သည်ဟု ထင်ရသည်။ အ​​ဖေ့ wedding ကို တော့သိပ် အကြီး အကျယ် မလုပ်ဖြစ် နှစ်ဖက် မိသားစုနဲ့ ရင်းနှီးတဲ့သူငယ်ချင်းတွေ နဲ့ တွေ့ဆုံပြီး dinner စားကြသည့် သဘောပင်။ Pre wedding photo ကို တော့ အကျအန ရိုက်သည့် အဖေတို့စုံတွဲအား အံ့သြမိသည်။ အဖေကတော့ အသက်ကြီးသော်လည်း လူငယ်တွေလို ro ဆန်ချင်သည်ထင်ပါ့။

Dinner ကို နှင်းဝေကို လည်းဖိတ်ခဲ့သည်။ ဒီ ၇လ အတွင်းမှာ နှင်းဝေ နဲ့ ကျွန်မတို့ ဆက်ဆံရေးသည် မိသားစုတွေ လိုတောင် ဖြစ်လာခဲ့သည်။ အခက်အခဲရှိတိုင်း သူမ ကို ရင်ဖွင့် တိုင်ပင်ဖြစ်သည်။ အစ်မ ကြည်သွယ် နဲ့ တောင် အတော်ရင်းနှီး နေပြီ ဖြစ်တဲ့ နှင်းဝေ ကို အတော်အံသြမိသည်။ သူကပဲ social ကောင်းလွန်းတာလား မပြောတတ်။ အခုလည်း အဖေ့လက်ထပ်ပွဲ အတွက် ကိတ်မုန့်ကို သူ ပဲ sponsor ပေး ထားသည်။

အကုန်ရင်းနှီးနေတဲ့သူတွေ ကြီးပဲမို့ အတူတူ သီချင်းတွေ ဆိုကြ ရယ်မော ကြရင်းနဲ့ လက်ထပ်ပွဲ လေးသည် အလွန် ပျော်ရွှင်ဖွယ်ကောင်းနေသည်။ အမှတ်တရ ဓာတ်ပုံ တွေလည်းအများကြီး ရိုက်ခဲ့ကြသည်။

လက်ထပ်ပွဲ လေးပြီးသွားတော့ ကျွန်မ ငှားနေသည့် တိုက်ခန်းလေး သို့သာ ပြန်လာလိုက်သည်။ ပျော်ရွှင်နေသည့် အဖေတို့ စုံတွဲ ကတော့ ငပလီကို honeymoon ထွက်သွားသည်။ ကျွန်မ လည်း ပြန်ရောက်သည်နှင့် ရေမိုးချိုး အဝတ်အစား လဲ ပြီး laptop လေးကို ကောက်ဖွင့်လိုက်သည်။ ကျွန်မ ရဲ့ food page လေး ကိုဖွင့်ကြည့်လိုက်တော့ အခု ကျွန်မ review တိုင်းလိုလို နှင်းဝေ နဲ့ သွားစားတဲ့ ဆိုင်တွေ ကြီးပဲ ဖြစ်နေလေသည်။ အရင်လို တယောက်တည်းသွားစားပြီး review ရေးတာထက် နှစ်ယောက်အကြံဉာဏ်တွေ ရေးသည်က ပိုကောင်းသည်ထင်သည်။ Page လေးတောင်ပိုနာမည် ကြီးလာသည်။

နှင်းဝေ လည်း line ပေါ်တွင်ရောက်နေသည်။ ဘာရယ်မဟုတ် အိမ်ကို ကောင်းကောင်းပြန်ရောက်ရဲ့လားဆိုပြီး စာလေးတဆောင်ပို့ရန် ဆုံးဖြတ်လိုက်သည်။ သို့သော် ချီတုံချတုံ ဖြစ်နေ၍ မပို့နိုင်သေးပဲဖြစ်နေပြန်သည်။ နောက်ဆုံး အရဲစွန်ံ့ပြီး ပို့လိုက်သည်။ ရင်းနှီးတာ ကြာပြီဖြစ်ပေမဲ့ မိမိဘက်စပြီး စကားပြောတာရှားသည်။

Never ending Loveحيث تعيش القصص. اكتشف الآن