Chapter 19

1.5K 125 0
                                    

Unicode 💜💜💜

ကျွန်မရဲ့ ချစ်သူက အရမ်းကိုမြင့်လွန်းတဲ့ပန်းတပွင့် ဆိုတာ ပိုသိလာရသလိုပဲ။ ဘာမှမက်မောစရာမရှိတဲ့ ကျွန်မ ကို ဘာလို့ အဲ့လောက် အသည်းအသန် ကြိုက်လည်း စဥ်းစားလို့မရပေ။ အရမ်းထက်မြက်ပြီး အရာရာပြည့်စုံနေသူမို့ မိမိကြောင့် ဂုဏ်သိက္ခာ ကျဆင်းမှာကိုမလိုလားသော်လည်း နှင်းဝေ အား ပိုင်ဆိုင်ချင်သေးသည်။ တကိုယ်ကောင်းဆန်တယ်ပြောပြော အတ္တကြီးတယ်ပြောပြော နှင်းဝေ ကို လက်မလွှတ်နိုင်အောင် ချစ်နေမိတာတော့ အမှန်ပင်။

Boss ကတော့ အဖိုးတန်သမီးလေးကို ကျွန်မလို အညတရ လက်ထဲထည့်ပေးမည်မဟုတ်။ ထိုကိစ္စကို နှင်းဝေနဲ့သေချာတိုင်ပင်မှ ဖြစ်မည်။ မိမိအားအဘယ့်ကြောင့် အလုပ်ခန့်တဲ့ကိစ္စက်ို ဖုံးကွယ်ထားလည်း ဆိုတာ သေချာသိရမှဖြစ်မည်။ နောင်အနာဂတ်မှာ တယောက်နဲ့တယောက် လျို့ဝှက်ချက်တွေနဲ့နေတာသည် မိမိတို့ဆက်ဆံရေးကြား အဆိပ်အတောက်တခုသာ ဖြစ်လာပေလိမ့်မည်။

နောက်ထက်နှစ်ရက် လောက်နေတော့ နှင်းဝေတယောက် မိမိထံ ရုတ်တရက်ကြီး ရောက်လာလေသည်။ ညကြီးမိုးချုပ် အထုပ်အပိုးတွေနဲ့မို့ မိမိမှာ လန့်ဖြန့်သွားရသည်။

နှင်းဝေ " အစ်မ ဘာလို့ရပ်ကြည့်နေတာလည်း။ အထုပ်တွေ အများကြီးနဲ့ကို ဝိုင်းဆွဲပေးအုန်းလေ။ "

နှင်းဝေရဲ့ အထုပ်များကို ခပ်မြန်မြန်ဝင်ဆွဲလိုက်ပြီး မေးလိုက်သည်။

တာရာ " ညီမ ဘယ်လိုရောက်လာတာလည်း။ "

နှင်းဝေ " ညီမ အိမ်ပေါ်က ဆင်းလာတာလေ။ အဖေကမေးတယ် အစ်မနဲ့ အဆက်အသွယ်ဖြတ်မှာလား မိဘတွေနဲ့အဆက်အသွယ်ဖြတ်မှာလား တဲ့။ အဲ့တာကြောင့် အထုပ်ဆွဲ ပြီး ထွက်လာတာ။ "

တာရာ " ဘုရားရေ... နှင်းဝေ ရာ မိုက်မဲလှကြီလား။ "

နှင်းဝေ " အဲ့တော့ အစ်မက ညီမနဲ့  အဆက်အသွယ် ဖြတ်မလို့လား။ အစ်မလည်း အထုပ်ပြင်တော့ ဒီအဆောင်မှာ ကြာကြာနေလို့ မရဘူး။ အဖေနောက်က လိုက်လာမှာ။ "

တာရာ " အစ်မ ညီမနဲ့ထွက်မပြေးနိုင်ဘူး။ "

နှင်းဝေတယောက် ကြောင်တောင်တောင်လေး ဖြစ်သွားလေသည်။ မမျှော်လင့်ထားသော စကားကို ကြားလိုက်ရသောကြောင့်ဖြစ်မည်။

Never ending LoveTahanan ng mga kuwento. Tumuklas ngayon