Chapter 13

1.5K 136 0
                                    

Unicode💜💜💜

အကြီးအကျယ်ရန်ဖြစ်ပြီးနောက် ကျွန်မနဲ့ နှင်းဝေ သည် တယောက်နဲ့တယောက် စကားလုံးဝမပြောဖြစ်တော့ပါ။ အလုပ်မှာတွေ့လျှင်လည်း တယောက်နဲ့တယောက်မမြင်ချင်ယောင်ဆောင်ဖြစ်ကြသည်။ ကျွန်မ မန္တလေးသို့ transfer လုပ်ရမည့် ရက်လည်း နီးလာပြီမို့ ရန်ကုန်ရှိ ကျွန်မ အလုပ်များပြီးပြတ်အောင်လည်း ကြိုးစားနေရသည်။

ကျွန်မရာထူးနေရာကို မဝေကိုလွှဲပြောင်းခြင်းအား ကျွန်မ မန္တလေးရောက်မှ ရုံးကကြော်ငြာဘုတ်တွင်ကြေငြာမည်ဖြစ်သည်။ ဤသည်ကား ကျွန်မမန္တလေးသွားခြင်းကို နှင်းဝေမသိအောင် သူဌေးအားတောင်းဆိုထားခြင်းဖြစ်သည်။ သာမာန် လက်အောက်ငယ်သား၏ တောင်းဆိုချက်ကိုတောင် ဖြည့်စည်း ပေးသော သူဌေးရဲ့ အလုပ်သမားတွေ အပေါ် ထားသော မေတ္တာမှာ လေးစားဖွယ်ဖြစ်သည်။

တဖြည်းဖြည်းနဲ့ မန္တလေးသွားရမည့် ရက်သို့ရောက်လာခဲ့သည်။ ကျွန်မတို့ရုံးက transfer လုပ်မည့်သူများ ကို အဝေးပြေးကားတစီးစီစဥ်ပေး ပြီး မန္တလေးသို့ ပို့ဆောင်သည်။ ကားပေါ်က သူများက ကျွန်မကို မြင်လိုက်ရ၍ အံ့သြနေကြသည်။ မည်သူမျှ ကျွန်မ မန္တလေးသို့သွားမည်ကို မသိကြပေ။

သက်တောင့်သက်သာဖြစ်မည့် နေရာတနေရာရွေးပြီး ထိုင်လိုက်သည်။ အတူပါလာသည့် snow လေးကို ခရီးဆောင်အိတ် ထားတဲ့ နေရာမှာသာ ခွေးလှောင်အိမ်လေးနဲ့ ထားခဲ့ရသဖြင့် စိတ်မချတော့ဖြစ်နေသည်။

ည၉နာရီ ဝန်းကျင် ရောက်တော့ ခရီးသွားကားလေးမှာ ရန်ကုန်မြို့အပြင်သို့တောင်ရောက်နေပြီဖြစ်သည်။ မှောင်မဲနေသော ညသန်ခေါင်အချိန်တွင် အမှတ်၂လမ်းမကြီးကိုဖြတ်နေရသော်လည်း စိတ်ထဲတွင် တစုံတရာ ကြောက်ရွံ့နေခြင်းမရှိပေ။ သို့သော် မှန်​ပြတင်း​​ပေါက်အ​​ပြင်ကိုကြည့်၍ အတိတ်ကအကြောင်းများတော့ ပြန်လည်တွေးတောနေမိသည်။

အတွေး ရေယာဥ် မှာ လွန်ခဲ့သော ၇နှစ် ခန့်က အကြောင်းများဆီသို့ရောက်ရှိသွားလေသည်။
ထိုအချိန်မှာ ကျွန်မအမေဆုံးသည့် အချိန်ဖြစ်​​ပြီးအတော်ရုန်းကန်ခဲ့ရသည်။ အလုပ်သင်အနေနဲ့ company တခုတွင် အလုပ်လုပ်နေချိန် အမေ့ရဲ့ စျာပနပွဲ ကြောင့် ခွင့်ရက်ရှည် ယူခဲ့ရသည်။ ထိုcompany က ခွင့်ရက်များခြင်းကို လက်မခံ၍ အလုပ်ထွက်ခဲ့ရသေးသည်။ ဘာလုပ်လို့ဘာကိုင်ရမှန်း မသိပဲလမ်းစတွေပျောက်နေခဲ့သည်။

Never ending LoveDonde viven las historias. Descúbrelo ahora