Chapter 6

1.7K 143 0
                                    

Unicode

အိမ်အောက်ထပ်ကို ဆင်းပြီး အစ်မ အခန်းထဲသို့သာဝင်သွားလိုက်သည်။ အစ်မအား မနေ့ညက ကိစ္စရော ဖုန်းထဲကနေ လှမ်းအော်လိုက်တာကို ပါ တောင်းပန်လိုက်သည်။

တာရာ " အစ်မ ရှိတုန်း လေး အဖေရော ညီမရော အစ်မရော သုံးယောက်လုံး တိုင်ပင်ဆွေးနွေးဖို့လိုပြီထင်တယ်။ ညီမတို့ဧည့်ခန်းထဲ ဆွေးနွေးရအောင်လေ။ " ဟု အသံတည်တည်ငြိမ်ငြိမ်နှင့်ပင် အစ်မအားတောင်းဆို လိုက်သည်။

အစ်မက အခန်းပြင်သို့ထွက်ပြီး အဖေ့အားချိုသာစွာ လှမ်းခေါ်လိုက်သည်။ ပြီးနောက် ဧည့်ခန်းထဲတွင် မိသားစုသုံးယောက်လုံးမျက်နှာစုံညီ ထိုင်လိုက်သည်။

တာရာ " မနေ့ညက အတွက်အရင်ဆုံးတောင်းပန်ချင်ပါတယ် အဖေ။ အဖေ့ ရဲ့ အိမ်ထောင်ရေးကိစ္စ ကို သမီး သဘောမကျပင်မဲ့ သမီး မကန့်ကွက်ပါဘူး အဖေ။ အဖေ့အနေနဲ့ ခက်ခဲတဲ့အချိန်တွေ ကျော်ဖြတ်ခဲ့ရမှန်းနားလည်ပါတယ်။ အဲ့ဒါကြောင့် သမီး အဖေတို့ကို သဘောတူဖို့ဆုံးဖြတ်လိုက်တယ်။ " ဟု အဖေ့အား ချိုသာစွာ လှမ်းပြုံးရင်း​ပြောလိုက်သည်။

ဦးလွန်းကြည် " အဖေ့အတွက်အရေးကြီးဆုံး က သမီးတွေပဲဆို တာ နားလည်ပါနော်။ သမီးသာ စိတ်ဒါဏ်ရာ ရမယ်ဆို အဖေ လုံးဝ သက် ကို အဆက်အသွယ်ဖြတ်မှာပါ။ " ဟု ဝမ်းနည်းစွာပြောနေသည်ကို မြင်ရတော့လည်း စိတ်မကောင်းပေ။

တာရာ " သမီး အဖေ့ကို မမုန်းပါဘူး အဖေ။ စိတ်လည်း မနာပါဘူး။ ဒီအတိုင်း အမေ့နေရာကို အစားမထိုးချင်လို့ပါ။ ဒါပေမဲ့ သမီးတခုတော့တောင်းဆို ပါရစေ။ အဖေတို့ လက်ထပ်ပြီးရင် သမီး ဒီအိမ်မှာမနေတော့ဘူး အဖေ။ အဖေတို့နှစ်ယောက်ကို မနှောက်ယှက်ချင်တာရော။ သမီးအနေနဲ့သမီးဘဝကို သမီးဘာသာတည်ဆောက်ချင်တာရော ကြောင့် ဒီဆုံးဖြတ်ချက်ကို ချလိုက် တာပါ။ သမီး လက်ထဲမှာစုဆောင်းထားတာလည်း တိုက်ခန်းငှားနေလို့ ရသလောက်ဖြစ်နေပြီဆိုတော့ အဆင်ပြေ ပါတယ်။ "

ကြည်သွယ် " မိန်းကလေးတယောက်တည်း နေမှာဆိုတော့ အန္တရယ် များလွန်းတယ်။ အစ်မအိမ်မှာ လိုက်နေလေ။ အစ်မအိမ်မှာ နင့်တူရယ် နင့်ခဲအိုပဲရှိတာ။ "

Never ending LoveDove le storie prendono vita. Scoprilo ora