Chapter 21

1.5K 135 0
                                    

Unicode 💜💜💜

ခိုင်မြဲနေသော အလုပ်လေး ပြုတ်သွားခဲ့ပြီ။ အသက်၂၈ ရောက်မှ အလုပ်လက်မဲ့ဘဝနှင့် မိဘဆီသို့ပြန်သွားရတော့မည်။ မိမိနဲ့ရွယ်တူများ ကားတွေ၊ အိမ်တွေ ဝယ်နိုင်နေတဲ့ အချိန်မှာ မိမိလက်ထဲတွင် ဘာမှမရှိ။ ထိုသို့မွဲ​တေနေသောသူနှင့် သဘောမတူသော နှင်းဝေ မိဘတွေရဲ့ ခံစားချက်ကိုတောင် နားလည် လာသလိုပင်။

သို့သော် အလုပ်ထွက်ခဲ့ရသည်ကိုတော့ နောင်တမရပါ။ ဘယ်နှကြိမ်ပဲဖြစ်ဖြစ် အလုပ်နှင့် နှင်းဝေကို ရွေးခိုင်းလျှင် သေချာပေါက် နှင်းဝေကိုပဲရွေးမိမှာဖြစ်သည်။ မိမိလို အလုပ်လက်မဲ့အား နှင်းဝေလေး စိတ်ပျက်ပြီး ထားသွားမည်ကိုပဲကြောက်နေရသည်။

အခုလည်း computer ဖွင့်ပြီး အလုပ်အကိုင်လေးများရလိုရငြား website တွေတွင် ရှာဖွေနေရသည်။ အလုပ်ခေါ်စာ တွေတွင်လည်း အသက်အရွယ် ကန့်သတ်ချက်က ၂၅ ဆိုတာကြီးပဲ။ အသက်အရွယ်နဲ့ လွတ်တော့လည်း လစာနဲ့ facility ကမကောင်း။

ရပ်ဝေးခရီး သွားနိုင်ရမည်က ပါသေး။မိမိနဲ့နှင်းဝေက စတွဲတည်းက long distance relationship.. တွဲ ပြီးမကြာဘူး မိဘတွေသိလို့ ခိုးတွေ့နေရတဲ့အဖြစ်ကို ကျွန်မက ခရီးတွေ သွားနေရအုန်းမည်ဆိုလျှင် ဘယ်အချိန်သွားတွေရမှာတုန်း။

မိမိရဲ့ အဖိုးတန် relationship လေးကို ထိန်းသိမ်းသည့် အနေနှင့် အိမ်တွင် မိမိကိုယ်တိုင်မုန့်များ၊ ထမင်းဘူးများလုပ်ကာ နှင်းဝေ နေ့လည်စာစားချိန် boss မတွေ့အောင် သွားပေးရသေးသည်။ နံရံက နာရီကို ကြည့်လိုက်တော့ ၁၁ထိုးနေလေပြီ။ နှင်းဝေရုံးကို အမြန်သွားမှ ဖြစ်တော့မည်။ မိမိရဲ့ မင်းသမီးလေး မျက်နှာတော်ညှိုးမည်ကို မလိုလားပေ။

ရုံးရှေ့ရောက်တော့ boss အရိပ်အခြေကြည့်ရသေးသည်။ တွေ့သွားလျှင် နှင်းဝေ အား ရုံးအပြင်တွင်မစားခိုင်းပဲ boss ရုံးခန်းတွင်သာ နေ့လည်စာစားရလေသည်။ Message တော့ပို့ထားရမည်။

📱📲
တာရာ " နှင်းဝေ... အလုပ်တွေပြီးပြီလား။ အစ်မ နေ့လည်စာ ထမင်းဘူး ယူလာတယ်။ ရုံးနားက ပန်းခြံထဲမှာစောင့်နေမယ်နော်။ နှင်းဝေ ရောက်ပြီဆို ဖုန်းဆက်လိုက်။ ဒီနေ့ အစ်မတို့ အတူတူစားရအောင်။ "

Never ending LoveOnde histórias criam vida. Descubra agora