Chapter 22

1.5K 129 4
                                    

Unicode 💜💜💜

ကျွန်မ လမ်းမပေါ်က ဖြတ်လျှောက်သွားသူများကို တွေတွေလေး ငေးကြည့်ရင်း နှင်းဝေအလာကို စောင့်နေမိသည်။ ဒီနေ့ သူ့အမေ ပေး စားတဲ့ သူကို နှစ်ယောက်အတူ တွေ့ရန်ဖြစ်ပေသည်။ နှင်းဝေက သူမလာမချင်း ဆိုင်ထဲ မဝင်ဖို့ ပြောထား၍သာ အခုလို ဆိုင်ရှေ့တွင် ငူငူငိုင်ငိုင်ကြီး စောင့်နေခြင်းဖြစ်သည်။

ခဏအကြာ ခပ်လှမ်းလှမ်းမှ crop top အနီလေးနဲ့ ဂျင်းဘောင်းဘီအပွလေး ဝတ်ဆင်ထားတဲ့ ကောင်မလေးတယောက် မိမိထံ တက်တက်ကြွကြွ ရောက်လာသည်ကို မြင်လိုက်ရသည်။

နှင်းဝေ " အစ်မ ရောက်နေတာ ကြာပြီလား။ အိမ်ကိုလာကြိုခိုင်းချင်ပေမဲ့ သိတဲ့အတိုင်း အမေက အစ်မကို ပူညံပူညံ ပြောနေမှာဆိုးလို့။ အစ်မကို လာကြိုမယ်ဆိုတော့လည်း အစ်မက လက်မခံဘူး။ "

ထို့နောက် နှင်းဝေရဲ့ ခေါင်းကို ခပ်ဖွဖွပုတ်လိုက်ပြီး

တာရာ " အေးပါဟုတ်ပါပြီ။ ဘယ်သူက နှင်းဝေကို အပြစ်ပြော နေလို့လည်း။ တကယ်ပဲ အဖွားကြီးကျနေတာပဲ။ "

ချစ်စနိုးနဲ့ နှာခေါင်းလေး ဆွဲလိမ်လိုက်သည်။ နှင်းဝေနဲ့စကားပြောရင် လက်က ခေါင်းကိုပုတ်ရင်ပုတ် မဟုတ်ရင် အခုလို နှာခေါင်းဆွဲလိမ်တာ အကျင့်လိုဖြစ်နေလေပြီ။

တယောက်နဲ့တယောက် အပြန်အလှန်ကျီစယ်နေရာမှ လာရင်း အကြောင်းအရင်းသတိရသွားကာ ကော်ဖီဆိုင်ထဲသို့ ဝင်လိုက်သည်။ ကျွန်မ ခေါင်းထဲတွင်လည်း အဘယ့်ကြောင့် သူဌေးများက အခုလို စျေးကြီးတဲ့ကော်ဖီ ဆိုင်တွေ မှာ အမြဲ တွေ့ဖို့ချိန်းရတာလည်း ဆိုပြီး မေးခွန်းထုတ်နေမိသည်။ အကုန်အကျ များတာ ခြင်း အတူတူ ဟော့ပေါ့တို့ ဘာတို့ စားတာမှ ဟုတ်အုန်းမည်ဟုတွေးနေလိုက်သည်။

ဆိုင်၏ ထောင့်တနေရာတွင် ခြေထောက်ချိတ် ထိုင်နေတဲ့ ငနဲ တကောင် ကို တွေ့လိုက်သည်။ တကိုယ်လုံး Branded တွေနဲ့ ပြည့်နေရုံသာမက ရုပ်ကလည်း တလောကလုံး သူ့လုပ်စာ ထိုင်စားနေသယောင်ယောင်။ သူ့ရှေ့တည့်တည့် မိန်းကလေး နှစ်ယောက် ဝင်ထိုင် လိုက်သည့် အတွက် အနည်းငယ် ကြောင်သွားလေဟန်။

Never ending LoveDonde viven las historias. Descúbrelo ahora