💕Part (1)💕 (Z+U)

18.1K 403 12
                                    

တစ်အိမ်လုံးအလုပ်ရှုပ်နေကြတာကို လိုက်ကြည့်နေရင်း မိုးယံပိုင်တစ်ယောက်နှာခေါင်းရှုံလိုက်မိသည်..ဟုတ်တယ်
လေ။ မော်လမြိုင် ကနေ ဒီရန်ကုန်မှာဆေးကျောင်းလာတက်မယ့်သူကို အိမ်ရှေ့မင်းသားကြိုသလိုမျိုး ဂရုတစိုက် နဲ့ပျာယာခတ်နေစရာလိုလို့လား😒 သူတို့နယ်က ကျောင်းမကောင်းလို့ ဒီမှာလာတက်တယ်ပဲထားပါတော့ အဆောင်မှာနေပါလား😤 ဒါမှယံယံတစ်ယောက်လွတ်လွတ်လပ်လပ်ကစားရမှာလေ ခုတော့....မကစားရတော့ဘူး....ဗြဲ...😭

''ယံယံ....ဟဲ့!!ယံယံ..."

''ဗျာ..."

''ဗျာ နောက်ထားလူအရင်လာခဲ့...! နင်ဘယ်မှာလဲ"

''ဒီမှာ"

ပါးစပ်ထဲသို့ ကိတ်မုန့်တုံးကို အတင်းထိုးထည့်လိုက်ပြီးထမင်းစားခန်းထဲမှ ''ယံယံ"တစ်ယောက်ပြေးထွက်လာခဲ့သည်😁
ဝတ်ထားတဲ့ Quarter Pants အဖြူမှာပေနေတဲ့ လက်သုံးချောင်းကို သုတ်လိုက်သဖြင့် ချောကလက် Cream
စွန်းသွားချေသည်....

''ကျွတ်!😾 ကြည့် လုပ်ပြန်ပြီ။ နင်ဟာလေ ဒီအရွယ်ရောက်နေပြီ သိပ်ညစ်ပတ်တာပဲ...ဘယ်တော့ပြောပြောနားမပါဘူး...ဒါကြောင့်နင့်အဝတ်အစားတွေကြွက်ကိုက်ကုန်တာ"

''ဗိုက်ဆာလို့စားတာပဲ မမရာ"
''စားတာစားပေါ့ လက်ဆေးပြီးလက်သုတ်ပဝါနဲ့သုတ်တာဘယ်လောက်များပင်ပန်းလို့လဲ့ဟဲ့"

'မမပဲခေါ်နေပြီးတော့'😣
''ကဲ! သွားသွား... ဦးငယ်ခေါ်နေတယ် နင်နဲ့တော့ခက်တယ်😪"
''ဦးငယ်က ဘယ်မှာလဲမမ"
''ဧည့်ခန်းမှာ စောင့်နေတယ် သွား"

အလယ်ခန်းကိုအပြေးဖြတ်ပြီး ဧည့်ခန်းကိုရောက်တော့ ဦးငယ်နဲ့အန်တီနှင်းက အပြင်ထွက်ရန် အသင့်ပြင်နေလေပြီ..

''ဦးငယ်... သားကိုခေါ်တယ်ဆို"😉😉

''အင်း..ဘာမှထွေထွေထူးထူးတော့ပြောဖို့မဟုတ်ပါဘူး...ဒီညနေ မိုးထက်မင်းမှု ရောက်လာရင် သားအနေအထိုင်အသွားဆင်ခြင်ပေးဖို့ပဲ... သူစိမ်းရှေ့မှာ ဦးငယ်တူလေးက အနေအထိုင်မတက်ဘူး ဆိုးသွင်းနေတယ်ဆိုပြီ မျက်နှာမပျက်ချင်းဘူး.. ကြားလား..."😏

''ဟင့်! ဒါဖြင့် ယံယံက ချောင်ကပ်ပြီးငြိမ်နေရမှာလား ဦးငယ်ရဲ့😒"(တစ်ခွန်းမကျန်ပြန်ပြောတက်တာ ဟုတ်ကဲ့ ဒီက ယံယံလေးပါပဲရှင့်😝)
''ဒီလိုလည်းမဟုတ်ဘူးလေ သားရယ်...သူကအဆောင်မှာ
နေမယ်လို့ပြောပါတယ်...စားသောက်ဖို့အခက်အခဲတွေရှိနေမှာစိုးလို့အန်တီနှင်းက ဒီမှာပဲနေဖို့အကြံပေးလိုက်တာပါကွယ်"

❤ဆေးကျောင်းသားကိုကိုနှင့်ကျွန်တော် ❤(BL)👨‍❤️‍💋‍👨Where stories live. Discover now