💕Part (26)💕(Z+U)

2.9K 178 1
                                    

Zawgyi..... 😍

"မမလဲ ဒီကိစ္စကို သိသွားရင် ရင်ကွဲမှာသေချာတယ်"

"ဘယ်လို"

"ဟုတ်တယ်၊ မမက အစ်ကို့ကိုစိတ်ဝင်စားနေတာဟ။အစက မာနလေးတင်းခံနေပြီး သူ့ကိုယ်သူသိပ်ဟုတ်နေပြီလို့ထင်ထညးသမျှ အစ်ကိုနဲ့လည်းတွေ့ရော ရေစုန်မျောတော့တာပဲ"

"တကယ်ပဲ"

"အေး,မာလှပါပြီဆိုတဲ့သူ့အသည်း အစ်ကိုကြောင့် အရည်
ပျော်လာမှပဲ"

"ငါစိတ်မကောင်းပါဘူးဟယ်။တကယ်ဆို မမအကြည်လေးနဲ့ကိုကိုက ရှေ့သွားနောက်လိုက်ညီတဲ့လူနှစ်ယောက်ပါ။ရည်မှန်းချက်ချင်းလည်းတူ၊သူငယ်ချင်းလည်းဖြစ်တော့ ပိုလည်းအဆင်ပြေတာပေါ့"

"သူငယ်ချင်းဖြစ်တိုင်လည်း ချစ်သူတွေဖြစ်မလာနိုင်ပါဘူး ယံရာ"

"ငါက သဘောအဖြစ်ပြောတာပါ...ဖြိုးရယ်။အခုချိန်ကျမှ ဘာလုပ်လို့ရတော့မှာလဲ။ငါကတော့ ဘွားစိတ်ဆိုးမှာကိုပဲ စိုးရိမ်တာပါ။ဘွားက ကိုကို့ကိုသိပ်ချစ်တာ။ကိုကို့ဖေဖေနဲ့ ငါ့ဖေဖေက သိပ်ချစ်ကြတဲ့သူငယ်ချင်းတွေလေ။သားသုံးယောက်ထဲမှာ
အလတ်ဖြစ်တဲ့ဖေဖေကို ဘွားက အချစ်ဆုံးဖြစ်သလို ကိုကို့ဖေဖေကိုလည်း သားနဲ့မခြားချစ်ခဲ့တာပါ။ငါငယ်ငယ်က ဖေဖေနဲ့လေးလေးကုတ်ပေါ် တစ်လှည့်စီစီးခဲ့တာပါ။လေးလေးကလည်း ငါကိုသိပ်ချစ်တာဟ။ဘဘက ဘွားသဘောမတူတဲ့
ကြီးမေနဲ့ယူသွားလို့ စိတ်ဆိုးပြီးအမွေဖြတ်ထားတာကြာပြီ။မမကိုမွေးတော့ အတော်လေးဒုက္ခရောက်မှန်းသိမှ ပြန်ခေါ်လိုက်တာ။အဲဒီလိုပြန်ခေါ်လိုက်ပြီးမှ ဖေဖေနဲ့အတူ ကုန်းသးကူးရင်းသေကြတာဆိုတော့ ဘွား အရမ်းစိတ်ထိခိုက်သွားတာအမှန်ပဲ။အဲဒါ သျှားကြောင့်ဆိုတဲ့အစွဲကြီးက ဒီနေ့ထိဖျက်လို့မရတော့တဲ့အထိပေါ့။မလွဲသာလို့ လက်ခံထားပေမယ့်တစ်ခါမှမျက်နှာသာပေးခဲ့တာမျိုးမရှိခဲ့ဘူး။အခုတော့ ဘွားသိပ်ချစ်တဲ့ကိုကိုနဲ့ သူချစ်နေတာမှန်းသိသွားရင်....အင်း...ယံတော့မတွေးရဲလောက်အောင်ပါပဧ။ရင်တွေပူလိုက်တာနော်"

လွမ်းလွမ်းဆွေးဆွေးလေးပြောနေသည့် ယံကိုကြည့်ရင်း ဖြိုးမျက်ရည်တို့ဝဲလာရပါ၏။သြော်...ယံရယ်၊နင့်ရင်ထဲ ဘာတွေဖြစ်နေသလဲဆိုတာကို ငါသိနေပါတယ်။ဘေးနားမှာ အသင့်ရှိနေတဲ့ငါ့ကိုတော့ ဂရုမထားဘဲ အစ်ကို့ကိုမှ တမ်းတနေသတဲ့လား။

❤ဆေးကျောင်းသားကိုကိုနှင့်ကျွန်တော် ❤(BL)👨‍❤️‍💋‍👨Where stories live. Discover now