💕Part(27)💕(Z+U)

3.3K 203 20
                                    

Zawgyi.... 😍

ပျက်သွားသည့်မျက်နှာကို အရင်ဆုံးပြင်ရပါ၏။မာနတွေ တင်းထားပါရစေဦး။တစ်သက်လုံးထိန်းနိုင်ခဲ့တဲ့မာနတွေကိုသူနဲ့တွေ့ချိန်ကျမှ အရည်ပျော်ကျခဲ့ရတာ နှမြောလိုက်တာနော်။
ရှက်ဖို့ကောင်းလိုက်တာ။အကြည်လေးချစ်နေမိတာကို သူမသိနိုင်ခဲ့တာ အံ့သြစရာပါပဲ။သူငယ်ချင်းတွေကရိပ်မိပြီး မကြားတကြားနောက်နေတာကို ကျေနပ်ပျော်ရွှင်ခဲ့သမျှ အကျနာရပါ
ပြီကော ကိုမင်းရယ်။လုပ်ရက်လိုက်တာရှင့်။

"သနားတယ်ဆိုတာ အချစ်မှမဟုတ်ဘဲကိုမင်းရဲ့"

"ဘယ်လို"

"အချစ်ဆိုတာနဲ့ သနားတာက တခြားဆီ၊ တစ်ကဏ္ဍဆီပါလေ။အကြည်လေး အတော်ကိုအံ့သြသွားတာအမှန်ပဲ။ဒီလပိုင်းအတွင်းလေးမှာ ကိုမင်း, သျှားကိုချစ်သွားလိမ့်မယ်လို့ ထင်မထားမိဘူး...သူငယ်ချင်းတစ်ယောက်ရဲသံယောဇဉ်နဲ့ပြောရရင်တော့ အကြည်လေး,ကိုမင်းကို နှမြောမိတာပဲ။သျှားဆိုတာ
ယံနဲ့အရာရာဆန့်ကျင်ဘက်မိန်းကလေးတစ်ယောက်လေ။သူ့စိတ်ထဲကိုမြင်ရဖို့ သူ့မျက်လုံးတွေကိုကြည့်ရုံနဲ့သိသာစေတယ်...ယံက ဖြူစင်သလောက် သျှားကကောက်ကျစ်တယ်။ယံဆီမှာ အနိုင်လိုချင်စိတ်ရှိတာ ကလေးတစ်ယောက်ရဲ့စိတ်သက်သက်ပါပဲ။သျှားဆီမှာက မစ္ဆရိယစိတ်တွေ ပြည့်နေတာလေ။ယံအပေါ်မှ အမြဲမနာလိုမရှုစိမ့်နိုင်တာ အကြည်လေးတို့ကမြင်နေသိနေခဲ့တာကြာပြီ"

"မဟုတ်ပါဘူး "

"ဟုတ်တယ်...ကိုမင်း မသိသေးပါဘူး။ယံက ပွင့်လင်းသလောက် သျှားက မျိုသိပ်တတ်တယ်လေ။ဒီတော့ သူ့စိတ်ထဲဖြစ်နေတာတွေကို တစ်ဖက်လူ ဘယ်သိနိုင်ပါမလဲ။အထူးသဖြင့်
ကိုမင်းနဲပတ်သက်ရင် သူ့မရိုးသားမှုက ပိုပြီးပေါ်လွင်သိသာစေတာပဲ"

သူ,အကြည်လေးကိုငေးကြည့်နေမိ၏။။ဘယ်လိုကြီးပါလိမ့်။
ဒါဆိုငါနဲ့သျှားကိုချစ်သူတွေလို့ ထင်နေကြတာပေါ့။တကယ်လို့သာ သျှားကသူ့ချစ်သူပဲထားပါတော့။သူ့ချစ်သူရဲ့မကောင်းကြောင်းတွေကို သူ့ရှေ့မှာပြောရသတဲ့လား။တကယ်ဆို
သူ,မနှစ်ခြိုက်မှန်း အကြည်လေးသိသင့်တာပေါ့။

ယံက မြုံမထားတတ်ဘူး။ဒါပေမဲ့ ကိုသန့်တို့ပြသနာဖြစ်မှာစိုးလို့ သူမပြောခဲ့တာတွေအများကြီးပဲ။ဥပမာ ကိုမင်းဘောပင်ကို
သျှားယူသွားကိုမြင်ခဲ့တာ။ကိုမင်းနဲ့ချစ်သူတွေမဖြစ်ခင်ကတည်းက အခန်းရှင်းရင် ကိုမင်းအင်္ကျီတွေကိုနမ်းရှိုက်နေတာ။ကိုမင်းခြံထဲမှာ စာကျက်နေတာကို ကိုမင်းမသိအောင် အပေါ်ထပ်ပြတင်းပေါက်ကနေ စောင့်ကြည့်နေခဲ့တာတွေကို တွေ့တွေ့နေတာကြာပြီ။အဲဒီကတည်းက ယံရိပ်မိနေပုံပဲ။ဒါပေမဲ့ မ
ပြောရှာဘူး။ကိုမင်းနေမကောင်းဖြစ်တော့ အကြည်လေးစာကူးပြီးလာပို့တုန်းက မနာလိုမရှုစိမ့်နဲ့ စိုက်ကြည့်ခံရမှ အကြည်လေးလည်း ရိပ်မိသွားတာ သျှားက မာယာသိပ်များတာ ကိုမင်းသတိထားပါ"

❤ဆေးကျောင်းသားကိုကိုနှင့်ကျွန်တော် ❤(BL)👨‍❤️‍💋‍👨Where stories live. Discover now