💕Part(24)💕(Z+U)

2.9K 186 12
                                    

Zawgyi...😍

"သျှားရယ်....တိတ်ပါတော့"

"ကိုမင်းလည်း သျှားကိုအဆင့်မတူလို့မရင်းနှီးချင်ဘူးလို့ယူဆ
ပြီး သျှားအတတ်နိုင်ဆုံး သီးသီးသန့်သန့်လေးနေပေးခဲ့တာပါ။ဘာမဆိုအလိုက်တသိလုပ်ပေးခဲ့တာ စေတနာသက်သက်ပါပဲ။သျှားဘာကိုမှ မမျှော်ကိုးခဲ့ပါဘူး။ဒါကို ကိုမင်းနားလည်ပေးစေချင်တယ်ရှင့်။ဒါပေမယ့် ထိန်းထားတဲ့ကြားက ကို...ကိုမင်းကို သျှားလေ...သျှားချစ်နေမိပြီး ကိုမင်းရယ်"

သူ့ရင်ထဲ နင့်ခနဲဖြစ်သွားရပါ၏။အကြောင်းက ငိုနေရင် သူ့ရင်ခွင့်ပစ်ဝင်လာတဲ့ သျှားကိုယ်လေးကြောင့်ပါပဲ။မြန်မြန်ဆွဲထုတ်ရန်ပြင်လိုက်စဉ် သျှားဆီက စကားသံလေထွက်လေသည်။

"ကိုမင်းရယ်...ကိုမင်းသျှားကိုမချစ်ဘူးဆိုတာ သိပါတယ်
သျှားကနိမ့်ကျလွန်းလှပါတယ် ဒါပေမယ့် နောက်ဆုံးလေးအနေနဲ့ ကိုမင်းရင်ခွင်ထဲခနလောက်ဖြစ်ဖြစ် ငိုခွင့်ပေးပါလား
သျှားအရမ်းဝမ်းနည်းနေရလို့ပါ"

သူ့မတွန်းထုတ်မိတော့ပါ။ အခုချိန် အားပေးသင့်တယ်မဟုတ်လား။ ယံလဲမတွေ့နိုင်လောက်ပါဘူးလေ။အလိုက်သင်လေးပြန်ဖက်ပေးကာ  နှစ်သိမ့်ပေးလိုက်မိလေသည်။

"သျှားရယ်...တိတ်ပါ ကိုယ်မင်းကိုမချစ်နိုင်တာ သျှားနိမ့်ကျလွန်းလို့မဟုတ်ရပါဘူး ကိုယ့်ရင်ထဲ တစ်ယောက်သောသူနေရာယူပြီထားဖြစ်နေလို့ပါ"

သျှားကသူ့ရင်ခွင်ထဲကမထွက်ဘဲစကားဆိုလာလေသည်။

"သျှားသိပါတယ်....အဲဒီတစ်ယောက်သောသူက ယံလေး မဟုတ်လား။ကိုမင်းကို သျှားတစ်ခုပြောချင်ပါတယ် ကိုမင်းသူကိုချစ်ရင် သူကိုလွှတ်ထားပေးလိုက်ပါ ကိုမင်းနာကျင်ရမှာသိပေမယ့် ကိုမင်းကိုပြောသင့်တယ်ထင်လိုပါ ဒီလိုပြောလို့
သျှားမနာလိုလို့ပြောတဲ့ မထင်စေချင်ပါဘူး"

"မထင်ပါဘူးသျှားရယ်...ပြောပါ ကိုယ်သိသင့်တာဟာဆိုတော့ ကိုယ်လဲသိရတာပေါ့လေ"

"ဒီလိုပါ ကိုမင်း ယံလေးမှာ ချစ်ရမဲ့သူရှိပါနေပါတယ် အဲ့ဒီလူကလဲ ဖြိုးပါ။သျှားတို့ပြသနာဖြစ်တဲ့နေ့ကလဲ သျှားက ဖြိုးနဲ့တရင်းတနှီးနေလို့ဆိုပြီး သျှားကိုစိတ်ဆိုးနေသေးတာ ငယ်စဉ်က
သံယောဇဉ်ကနေ အချစ်ဖြစ်လာဖြစ်မှာပါလေ ဖြိုးကလည်း
ယံလေးကို အရမ်းချစ်မဲ့ပုံပါလေ ကိုမင်းသူကိုချစ်ရင် သူပျော်ရွှင်အောင် လုပ်ပေးလိုက်ပါလား ကိုမင်းရယ်"

❤ဆေးကျောင်းသားကိုကိုနှင့်ကျွန်တော် ❤(BL)👨‍❤️‍💋‍👨Where stories live. Discover now