မိုးသံဖျောက်ဖျောက်ကြားမှာ ညည်းသံသဲ့သဲ့ကိုကြားလိုက်ရသဖြင့် ဆတ်ခနဲလန့်နိုးလာရ၏။အရေးထဲမီးတွေပျက်နေတာမို့
မှောင်မှောင်မည်းမည်းထဲမှာ ငုတ်တုတ်ထထိုင်လိုက်ရ၏။ဟော! ဟိုဘက်အခန်းကပဲ၊ ကိုကိုဖျားနေပြီးထင်ပါရဲ့။လျှပ်ရောင်ဖျတ်ခနဲ လင်းသည့်အလင်းရောင်ဖြင့် ခုတင်ပေါ်မှဆင်းလိုက်၏။ တစ်ဖက်ခန်းသို့ဝင်လိုက်စဉ် စောင်ဖြင့်ကွေးကာ တုန်ရီနေသည့်သူကို ဝိုးတဝါးမြင်ရလေသည်။နဖူးကိုစမ်းကြည့်လိုက်တော့ ကိုယ်ခြစ်ခြစ်တောက်ပူနေမှန်းသိလိုက်ရသဖြင့်
ဘာလုပ်ပေးရမှန်းမသိဖြစ်သွားပါ၏။ အရေးထဲ ဦးငယ်တို့က
ခရီးထွက်သွားလေရဲ့။"ဟင်း...ဟင်...ဟင်း"
ညည်းညူသံက မေဖျားရိုက်စဉ်မှာ ထပ်ထွက်လာလေ၏။
ယံ အခန်းထဲအမြန်ပြေးဝင်ကာ ခြုံစောင်ကိုယူ၍ သူ့အားခြုံပေးလိုက်စဉ် သူ့လက်တစ်ဖက်က ယံအားဆွဲယူထွေးဖက်လိုက်လေသည်။"အာ....ကိုကို"
ရုန်းလိုက်မှပင် သူ့နှုတ်ခမ်းထက် နွေးခနဲဖစ်သွားတာမို့ တစ်ကိုယ်လုံးထူပူကာ သူ့နှင့်ဝေးရာသို့ရွှေ့လိုက်ရလေသည်။
အမယ်လေး....ရင်တွေတုန်လိုက်တာနော်။ ဘယ်လိုများဖြစ်ကုန်တာပါလိမ့်။ သူကတော့ နွေးသွားပုံဖြင့် ငြိမ်သက်စွာအိပ်မောကျနေချေပြီး။
တော်ပါသေးရဲ့။ ဘယ်သူမှမသိပေလို့။လှိုက်ဖိုခုန်ပေါက်နေသည့် ရင်ဘတ်ကိုအသာဖိ၍ထွက်လာခဲ့လိုက်လေသည်။
"ယံ...နင်...နင်...ဘယ်ကထွက်လာတာလဲ"
"ဟင်!"
ယံအလန့်တကြားဖြင့် နံရံကိုကျောမှီကာရပ်လိုက်ပါ၏။
အမယ်လေးနော်...လန့်ပါတယ်ဆိုမှ မမနဲ့တန်းတိုးရတယ်လို့။ရင်ခုန်သံတွေက ကစဥ့်ကလျားဖြစ်နေတာမို့ သူ့အသံက တုန်တုန်ရီရီဖြင့်ထွက်လာလေသည်။"ဟို...ဟို...ကိုကိုဆီက"
"ဘာ! နင်"
"အာ...မမကလည်း ဒီမှာလန့်ရတဲ့ကြားထဲ စွတ်အော်နေတာပဲ။ ကိုကိုမိုးမိပြီးဖျားနေလို့၊ အဲဒါ...."
"အဲဒါ ငါကိုမနှိုးဘဲ နင်ဘာဝင်လုပ်တာလဲ ယံရဲ့။မိုးမိပြီးထင်တယ်။ ညနေကတည်းက ဆေးသောက်နေရတာ မိုးရေတောထဲ ထပ်ထွက်တာကိုး"
YOU ARE READING
❤ဆေးကျောင်းသားကိုကိုနှင့်ကျွန်တော် ❤(BL)👨❤️💋👨
Romanceဒီဇာတ်လမ်းလေးက ကိုသိတဲ့ဇာတ်လမ်းလေးတစ်ခုကို Version လေးပြောင်းပြီး ဖြည့်ရေးသွားမှာမို့အမှားပါရင်ခွင့်လွှတ်ပေးကြပါ🙏