💕Part(22)💕(Z+U)

3K 213 7
                                    

Zawgyi.... 😍

"ညည်းကျပ်ကျပ် သတိထားပါ မိသျှား။ ငါ့မြေးကို ငါတောင်
လက်ဖျားနဲ့တောင် တို့ဖူးတာမဟုတ်ဘူး။သနားလို့ သားအမိနှစ်ယောက်စလုံးကို အိမ်ပေါ်ခေါ်တင်ထားတဲ့ကျေးဇူးကို ဒီနည်းနဲ့ဆပ်ပြလိုက်တာပေါ့လေ"

"မဟုတ်ပါဘူး ဘွားရယ်"

"ဘာမဟုတ်ရမှာလဲ၊ ယံအတွက် ညည်းဘာမှပူစရာမလိုဘူး။ဆုံးမစရာရှိ သူ့ဦးလေးအရင်းခေါက်ခေါက်တစ်ယောက်လုံးရှိနေတာ သူဆုံးမမှာပေါ့"

"ခုဟာက သျှားကိုခံပြောလို့"

"ပြောရင်လည်း သားငယ်တို့လင်မယားကို တိုင်ပေါအေ၊လူ
ကြီးတွေရှိနေပါလျက်နဲ့ လက်ပါစရာလား။ဒီမှာ,နောက်ကို ငါ့
မြေးကို ကိုယ်ထိလက်ရောက်စော်ကားဖို့မစဉ်စားနဲ့။ဒါနောင်ဆုံးဖြစ်ပါစေ။ငါ့မြေးငယ်သေးလို့ မဖြစ်သင့်တာ မဖြစ်ရအောင် ဆုံးမဖို့ သားငယ်တို့လင်မယားနှစ်ယောက်ကိုလွဲထားပြီးသား။ညည်းဝင်ပါစရာမလိုဘူး။ညည်းသိထားဖို့က အဲဒီမြေးမိုးထက်မင်းမှုနဲ့ င်ါမြေးကိုသဘောတူထားပြီးသားဆိုတာပဲ။ ကလေးငယ်သေးလို့စာမေးပွဲအတွက် စိတ်အနှောက်အယှက်ဖြစ်မှာစိုးလို့ ငါဖွင့်မပြောသေးတာပဲ။နောက်ကိုဘာပြသနာမှမ
ကြားချင်ဘူး။ဒါပဲ"

သျှားအံ့သြမှင်တက်စွာနှင့်မျက်ရည်တွေစီးကျလာပါ၏။မြေးချင်းတူပါလျက် မမျှတတဲ့ဘက်လိုက်မှုတွေက ဘယ်အချိန်ထိရှိနေဦးမှာလဲ။ မြေးဦးဖြစ်တဲ့သျှားကိုတော့ ဘွားထည့်မစဉ်းစားပေးတော့ဘူးလား။တကယ်ဆို သျှားကအရင်ဆုံးအရွယ်ရောက်နေတဲ့သူပါ။ယံကသာ ယောက်ျားလေးတစ်ယောက်ဖြစ်နေပါလျက်နဲ့။ဒါကိုတောင်မှ သျှားဘက်ကိုငဲ့မကြည့်နိုင်ဘူးပေါ့လေ။

ငယ်စဉ်ကတည်းက အရာရာလုပ်ပေးခဲ့ပါလျက် ဘွားဆီက ဘယ်လိုမေတ္တာမျိုးကိုမှ သျှားမရရှိလေခဲ့။မျက်နှာသာပေးခြင်းတို့မရှိတဲ့ဘဝမှာ အိမ်စေသာသာအဆင့်မျိုးနဲ့ သျှားတို့သားအမိရှင်သန်ခဲ့တာပါလေ။အမွေဆိုတာ ဘာလဲလို့ရေရေရာရာ မသိနိုင်တဲ့ဘဝမှာ မြင်နေရတဲ စည်းစိမ်တွေကိုတော့ ခုံမင်မက်မောမိခဲ့တာပါ။

အခုတစ်ခါ စမြင်လိုက်ကတည်းက စိတ်လှုပ်ရှားရင်ခုန်ခဲ့ရတဲ့သူတစ်ယောက်ကို သျှားပိုင်ဆိုင်ခွင့် မရှိပြန်ဘူးတဲ့လေ။အခွင့်အရေးတွေ အများကြီးပိုသာပါလျက်နဲ့ ဘာကြောင့် သျှားအလှည့်ကိုမရောက်ရတာလဲ။

❤ဆေးကျောင်းသားကိုကိုနှင့်ကျွန်တော် ❤(BL)👨‍❤️‍💋‍👨Where stories live. Discover now