💕Part (37)💕(Z+U)

4.1K 238 18
                                    

Zawgyi..... 😍

YG ဆေးရုံကြီးမှာတော့ မင်းမူတစ်ယောက်အလုပ်ခန်းထဲတွင် လူနာစာရင်းကြည့်၍ ထိုင်နေတော့သည်။ယခုလက ဆေးကျောင်းသားတွေ လက်တွေ့သင်တန်းဆင်းချိန်မို့ အလုပ်တွေရှုပ်နေရသည်။ပြောင်းတော့မှဆိုတော့လည်း အနည်းဆုံးတော့ကူညီပေးသွားသင့်တယ်ဆိုပေမဲ့ ဆေးကျောင်းသူထဲက
ယမင်းသွယ် ဆိုတဲ့မိန်းကလေးကတော့ အတော်စိတ်ရှုပ်စရာပင့်။လူကိုအရမ်းကပ်လွန်နေသောကြောင့်ဖြစ်သည်။ တွေးရင်နဲ့ babyလေးကိုလည်းလွမ်းလိုက်တာ,အခုချိန်ဘာတွေများလုပ်နေပါလိမ့် သူလေးကိုလွမ်းလွန်းလို့ အလုပ်ကိုအမြန်လုပ်နေပါသော်လည်း အားနာတက်တဲ့သူအဖို့ တစ်စတစ်စကူညီရင်း အဆုံးထိသာကူညီနေရတော့သည်။အတွေးနယ်လွန်းနေချိန် ကြောက်ဖို့ကောင်းသောအသံတစ်သံကြားလိုက်ရလေသည်။

"ကိုကို...."
ရုံပတီသီး ရှုံးလောက်အောင်ချွဲပစ်နေသော ထိုအသံကို
တခြားသူတွေအဖို့ ချစ်စရာအသံလို့မြင်ကြလိမ့်ပေမဲ့ မင်းမူအဖို့ ကြောက်စရာအသံသာဖြစ်သည်😅

"သြော်...ယမင်းပါလား,ဘာကိစ္စရှိလို့လဲဗျ"

"ကိုကိုလည်း...ဒီကိုကိစ္စရှိမှလာရမှာလာလို့"

"မဟုတ်ပါဘူး...ကိစ္စရှိတဲ့ထင်လို့ပါ၊ ဒါနဲ့ ကျွန်တော်ကို ကိုကိုလို့မခေါ်ပါနဲ့လားဗျ။သူများတွေခေါ်သလိုပဲ ကိုမင်းလို့ပဲခေါ်ပေးပါ"

"ဘာလို့လဲ....ကိုမင်းက သူများတွေခေါ်တာလေ ယမင်းကသူများတွေခေါ်သလိုမခေါ်ချင်ပါဘူး"

"မဟုတ်ဘူးလေ..."

"မသိဘူး...မသိဘူး...ကိုကိုလို့ပဲခေါ်မယ်,ဆက်မပြောနဲ့တော့"

"ကောင်းပြီး....ဒီကိုလာတဲ့အကြောင်းသာပြောပါ"

မင်းမူလေး စကားတွေရှည်ရှည်ဝေးဝေးမပြောချင်တော့နဲ့ပြောလိုက်ခြင်းဖြစ်သည်။

"သြော်,ပြောဖို့မေ့နေတာ ဟီးဟီး,နေ့လယ်ကျရင်ထမင်းတူတူသွားစားရအောင်လား...ယမင်းက ဒီကမဟုတ်တော့ ဘယ်ဆိုင်မှာလဲမသိဘူးလေ,တခါတည်း ဘုရားလည်းလိုက်ပို့ပေးပါလား"

"ကျွန်တော်မအား..."

"လိုက်ပို့ပေးပါ..ကိုကိုကလည်း..မငြင်းပါနဲ့..နော်..နော်"

❤ဆေးကျောင်းသားကိုကိုနှင့်ကျွန်တော် ❤(BL)👨‍❤️‍💋‍👨Where stories live. Discover now