💕Part (29)💕(Z+U)

3K 199 16
                                    


Zawgyi.... 😍

🎼တခါတလေတော့လည်း...,
အဝေးဆုံးကို..ထွက်ပြေးသွားချင်ပေမယ့်လည်း🎼

🎼ကိုယ့်ရဲ့စိတ်တွေ အမြဲတမ်းမင်းဆီမှာပဲ
ထာဝစဉ်မမေ့ဘူး ရင်ထဲမှာ အမြဲစွဲလမ်းချစ်နေဦးမယ်
ရင်ခုန်ရင်တမ်းတရင်ကြွေကွဲ.....ကိုယ်ဟာမင်းလေးအ
တွက်တော့ အရုပ်ကလေးတစ်ရုပ်ပါပဲ...🎼

🎼ချစ်ခွင့်မရှိတဲ့ နှလုံးသားမှာ အားငယ်
မပြောဖြစ်ခဲ့တဲ့စကားလုံးတွေ မျိုသိပ်ရင်းနဲ့
အသည်းလေးကွဲမှ အရမ်းချစ်တာပိုနားလည်...
အမြဲတမ်းရင်မှာ စွဲလမ်းနေတယ် ကိုယ်ရူးမယ်..🎼

🎼နေ့နေ့ညည မင်းလေးကိုလွမ်းတယ်... အစားထိုးပြီး
လည်းနောက်တစ်ယောက်ကိုမချစ်နိုင်တယ်...
အားနည်းချက်နဲ့ကိုယ့်ဘဝကိုကြည်ဖြူမလားကွယ်
ကိုယ်မပြောင်းလဲတမ်းချစ်တာ မင်းနားမလည်....🎼

ခပ်ဆွေးဆွေးလေးဆိုနေသည့် သီချင်းသံကို သူနားစိုက်ထောင်နေမိသည်။သီချင်းသံအဆုံးမှာရှိုက်သံလေးပါသွားသလို ခံစားလိုက်ရ၏။သူ ငိုလေသလား။

ယံလေးရယ်...ဘယ်သူကြောင့်ခံစားနေရတာလဲ။ဒီအချိန်ဟာ
အမြဲပျော်ရွှင်နေရမှာလေ။ကိုယ်နဲ့စတွေ့စဉ်တုန်းကလို မြူးကြွသွက်လက်ရိပ်တွေ၊ အခုတော့...ယံဆီမှာ ရှိမနေတော့ပြီပဲ။

ကိုယ်နဲ့ဆုံလိုက်တိုင်း ဖျတ်ခနဲလွှဲသွားတဲ့ မျက်ဝန်းလေးတွေကိုမကြာခဏကြည့်မိတော့ အရင်လို ကိုယ့်ကိုရန်လိုတဲ့အကြည့်တွေကို ပြန်တမ်းတနေမိတယ်။ကိုကိုလို့ခေါ်တဲ့ကာလ အပိုင်းအခြားလေးက ဘာမှမကြာလိုက်ပေမယ့် ခင်ဗျား,ခင်ဗျားနဲ့
ရင့်ရင့်သီးသီးခေါ်စဉ်တုန်းကလောက် ရင်းနှီးမှုမရှိတော့တာသိသာလွန်းပါတယ်။ ဒါတွေဟာ ဘာကြောင့်များပါလိမ့်။

ထမင်းစားခန်းထဲရောက်တော့ သျှားက ထမင်းပွဲပြင်ပေးရင်း
ဖျတ်ခနဲလှည့်ကြည့်လာလေ၏။

"စားတော့မှာလား မောင်"

A/N: အမယ် အစစ်မကအခေါ်အဝေါ်တွေပါပြောင်းလို့ပါလား ရွံတှာ🤢)

"မစားသေးဘူး,သျှား။ ကိုယ်ပြောစရာရှိလို့ လာခဲ့တာ"

"ဘာပြောမလို့လဲဟင့်"

❤ဆေးကျောင်းသားကိုကိုနှင့်ကျွန်တော် ❤(BL)👨‍❤️‍💋‍👨Where stories live. Discover now