💕Part(4)💕 (Z+U)

4K 253 6
                                    

(Zawgyi)

  '' ခွမ်း "

'' ကဲ! ပြောရင်ဖြစ်ပြန်ပြီ ။ နင်ဘယ်လိုလဲ ယံယံ...!😡

'' ယံ သွားဆေးမလို့ပါ "

'' ထားခဲ့....ထားခဲ့ ယံယံ ၊ မမလုပ်လိုက်မယ် "

'' လုပ်လိုက်ရင် လျှပ်ပြာလျှပ်နဲ့ "

အဲဒါပဲ....အဲဒါပဲ။သူကရှေ့က ကပျက်ကချော် လုပ်လေ မမကမျက်နှာပွင့်ဆိုတာ။

ယံယံကလည်း ယံယံပါပဲ။ ဒီအရွယ်ထိ ဘာတစ်ခုမှမလုပ်တက်။ယုတ်စွအဆုံး ပန်းကန်တောင် ဖြောင့်ဖြောင့်မဆေးတတ်တာပဲ။

ဒီလောက်ထောင့်မကျိုးတဲ့မြေးမျိုးကို ဘွားအသည်းတုန်အောင်ချစ်တာ ဆွေမျိုးတွေအလယ်မှာ မနာလိုတွေတောင်ဖြစ်ကြတာမဟုတ်လား။

ငယ်စဉ်ကတည်းက နှစ်စဉ် အတန်းတိုင်းမှာ စာတော်ခဲ့ပါလျက် သူနာမည်ကို မပျက်ပျက်အောင် သွားပုပ်လေလွင့်ပြောတတ်ခဲ့ကြတာလေ ။ ကိုယ့်ဟာကို အေးအေးဆေးဆေး နေပါလျက် ကောင်မလေးတွေနဲ့ပဲ မလည်မရှုပ်လုပ်သလိုလို ကောလဟာလတွေ ထွက်ခဲ့တာ တစ်မြို့လုံးအနှံ့။

လူတွေများ ကိုယ့်ထမင်း ကိုယ်စားပြီး သူများအကြောင်း မဟုတ်တယုတ် လျှောက်ပြောချိန် ရကြသေးတာ အံ့ပါရဲ့။

စာလည်းတော် ၊ သွက်လည်းသွက်မို့ ဆရာမတိုင်းက ချစ်ခင်တော့ တခြား ကျောင်းသားတွေနဲ့ သူတို့မိဘတွေက မကြည်မလင်ဖြစ် ၊ ကိုယ့်ဟာကိုကိုယ်ထူးချွန်လို့ ဆုတက်ယူရပြန်တော့လည်း ဘွားအေကချမ်းသာလို့ ဆရာဆရာမတွေကိုပဲ
လာဘ်ထိုးထားသလို မှိုချိုးမျှစ်ချိုး အပြောခံရသေးတာလေ။

သူက ဘယ်သူဘာပြောပြော ဂရုစိုက်တဲ့လူမှမဟုတ်ဘဲ။ခုတော့....လူကြီးရှေ့မှာ ဆူပူကြိမ်းမောင်းခံရတော့ စိတ်ခုချင်သား။

မဖြစ်သေးပါဘူး။ ဘွားက လိုလေသေးမရှိထားပေးပါလျက် နေရာတကာ လိုက်ဂျီကျ နေမိရင် သူကိုပဲ အကုန်လုံးက အပြစ်မြင်ကြမှာ ။ မလိမ္မာချင်ပေမယ့် လိမ္မာပြရမှာပါပဲ။

ဒါပေမဲ့ ဒင်းကိုတော့ အခဲမကြေပါဘူး ။ ဦးငယ်တို့မသိနိုင်မယ့် နည်းမျိုးစုံနဲ့ပြန်တိုက်ခိုက်ရမှ ကျေနပ်မှာလေ။

❤ဆေးကျောင်းသားကိုကိုနှင့်ကျွန်တော် ❤(BL)👨‍❤️‍💋‍👨Where stories live. Discover now