ညနေစောစော အိမ်ပြန်ခဲ့စဉ် အရင်ပြန်ရောက်နှင့်နေတဲ့သျှားကိုတွေ့လိုက်ရလေ၏။သူမျက်မှောင်ကြုတ်၍ ပြန်လာတာကိုလည်း သျှားက သတိထားမိသွားပါသည်။
"ကိုမင်း နေမကောင်းဘူးလား"
"အင်း....ခေါင်းနည်းနည်းကိုက်နေလို့"
"ပါရာတစ်လုံးလောက် သောက်လိုက်ပါလား။ ဖျားချင်သလိုဖြစ်နေရင် ဒီညနေ ထမင်းမစားနဲ့တော့လေ။သျှားတစ်ခုခု လုပ်ပေးမှာပေါ့။ စွပ်ပြုတ်ဖြစ်ဖြစ် ၊ ဆန်ပြုတ်ဖြစ်ဖြစ်ဘာသောက်ချင်လဲ"
"နေပါစေ"
"အားနာစရာလား ကိုမင်းရယ်၊သျှားလုပ်ပေးမှာပေါ့။ လောလောဆယ် ကော်ဖီနဲ့ဆေးသောက်ထား"
သူအခန်းတံခါးစေ့ထားလိုက်ပြီး အဝတ်အစားလဲကာ အိပ်ယာထဲခွေနေမိ၏။ သျှားလာတိုက်သည့်ကော်ဖီနှင့်ဆေးကိုသောက်ပြီးအိပ်ပျော်သွားပါသည်။သူဖျတ်ခနဲ လန့်နိုးလာတော့ အပြင်မှာ မိုးတွေက တဝုန်းဝုန်းရွာနေလေ၏။နာရီကိုကြည့်လိုက်တော့ ကိုးနာရီရှိနေလေပြီ။ချာတိတ်ပြန်ရောက်ပြီလား။ယံရဲ့အခန်းတံခါးကို ဖွင့်ကြည့်တော့ သူမရောက်လာသေးပေ။
ထီးယူလျက်ထွက်လာခဲ့၏။ အသင့်ဖွင့်ထားသည့်ခြံတခါးမှ ဝင်ခဲ့စဉ် အိမ်ထဲမှ ကလေးတစ်အုပ်က ထွက်လာလေသည်။
ယံကတော့ထွက်မလာသေးပေ။"ငါလိုက်ပို့ပေးပါမယ်ဆိုမှ"
"ရပါတယ်.... ကဖြိုးရာ"
"နင့်အကြောင်းငါမသိဘူးများ မှတ်နေလား။ထီးပါမလားတာကိုအကြောင်းပြပြီး မိုးရွာထဲ ခုန်ပေါက်ပြန်မယ့်ကောင်"
"ဘာဖြစ်လဲ.....မိုးရွာတာ ငါသိပ်ကြိုက်မှန်းသိရဲ့သားနဲ့ ပွစိပွစိပြောနေပြန်ပါပြီ"
"မိုးကသည်းတယ်ဟ၊ တော်ကြာ ဖျားနေမှဖြင့်"
"သြော်....ငါ့အိမ်မှာ ဆေးကျောင်းသားကြီးတစ်ယောက်လုံးရှိနေတာပဲ။သူကုပေးမှာပေါ့"
A/N( သူကိုယ့်သူတောင် ဖျားနေပြီးယံရေ နင့်မကုအားဘူး😒)
ကြားလိုက်ရသည့်စကားသံကြောင့် မင်းမူကျေနပ်စွာပြုံးလိုက်မိသည်။ဒီလိုကျတော့လည်း သူ့ကိုအားကိုးရှာသားပါလား။
YOU ARE READING
❤ဆေးကျောင်းသားကိုကိုနှင့်ကျွန်တော် ❤(BL)👨❤️💋👨
Romanceဒီဇာတ်လမ်းလေးက ကိုသိတဲ့ဇာတ်လမ်းလေးတစ်ခုကို Version လေးပြောင်းပြီး ဖြည့်ရေးသွားမှာမို့အမှားပါရင်ခွင့်လွှတ်ပေးကြပါ🙏