💕Part(13)💕(Z+U)

3.2K 212 8
                                    

(Zawgyi)

"ဟဲလို!ဖေဖေလား"

"အေး သားဘယ်လိုလဲကွ။စာလိုက်နိုင်ရဲ့လား၊ နေရတာရောအဆင်ပြေလား"

"ဟုတ်ကဲ့..... စာကတော့ လိုက်နိုင်ပါတယ်ဖေဖေ။သိပ်မရှင်းရင်လည်းဆရာဆရာမတွေကိုမေးလို့ရပါတယ်။နေရတာလည်း အင်း....အဆင်ပြေတယ်"

"သားရေးလိုက်တဲ့စာ ဖေဖေရပြီ"

"ဟုတ်လား"

"အေး...ဘယ့်နှယ်၊ ဘွားအိမ်စည်မြေးနဲ့မှ တည့်အောင်မနေရတာလဲသားရာ"

"ဖေဖေချာတိတ်က ဆိုးကိုဆိုးတာပါဗျာ။ကျွန်တော့်အခန်းထဲ စွပ်ဆက်ဝင်ပြီး ပစ္စည်းတွေကို ခဏခဏဝှက်သေးတယ်။စာမေးပွဲဖြေဖို့ စာအုပ်ပျောက်သွားတုန်းက ကျွန်တော်မှာ ခေါင်းမီးတောက်ရပါရော.....အဲဒီလိုဟာလေး"

"ဟင်းဟင်း....သူက အစကတည်းက အငြိမ်မနေတတ်တဲ့ကလေးပဲဟာ...သားရ။ဒီလိုဆော့တတ်တာလေးကိုက သူအပြစ်ကင်းစင်ပြီ ဖြူစင်တာကိုပြနေတာ။ မာယာတွေလုံးဝမရှိတဲ့
ပကတိအဖြူထည်လေးကို သားအပြစ်မမြင်ပါနဲ့"

ဖေဖေကတော့ မင်းကို ငယ်ငယ်ကထိန်းခဲ့တဲ့သံယောဇဉ်နဲ့
ဇွတ်ကိုချီးမွမ်းနေပြီး ယံရေ။ကိုယ်ကတော့ မင်းဘာများထပ်လုပ်လိမ့်မလဲဆိုပြီးအလိုလိုလန့်နေမိတာပါ။ဒါပေမဲ့ အခုလို ကိုယ့်ကို ဒုက္ခအပေးဘဲ ဥပေက္ခာပြုထားပြန်တော့လည်း ကိုယ်မနေတတ်သလို ဖြစ်နေပြန်ပါရောလား။

"အခုရော ပြန်ခေါ်ပြီလား"

"ဟင့်အင်း "

"ဟ! မင်းကအကြီးပဲလေ။အငယ်ကိုခွင့်လွှတ်ပေးရမှာပေါ့။
ဘယ့်နှယ် ကလေးနဲ့ပြိုင်ပြီးစိတ်ကောက်နေရတာလဲ"

"သူက မခေါ်တာဖေဖေရ"

"မင်းက ချော့ပေါ့ကွ"

"အာ...ဖေဖေစကားကြီးကလည်း"

Phone ထဲမှာမို့တော်သေး၏။သူ့မျက်နှာ နွေးခနဲဖြစ်သွားတာ ဖေဖေမမြင်ရသည့်ကိုး။ ဒုက္ခပါပဲ။ဘယ်လိုလုပ် ယံကိုချော့ရဲမှာလဲ။နဂိုအနေအေးတဲ့လူပါဆိုနေမှ။

"ဖေဖေကြိုပြောထားပါရဲ့ သားရေ။ဘွားအိမ်စည်မြေးနဲ့တော့
သင့်လျော်အောင် ပေါင်းသင်းဆက်ဆံပါ။ ဖေဖေ, မေမေစည်နဲ့ပြသနာမတက်ချင်ဘူး။ ပြီးတော့ မေမေစည်က ခုကတည်းက သူ့မြေးအတွက် မြေးသမက်ရှာနေပြီကွ။ ဖေဖေ့သားကို နံပါတ် (၁)ကနေ တန်းစီစေချင်ပါတယ်"

❤ဆေးကျောင်းသားကိုကိုနှင့်ကျွန်တော် ❤(BL)👨‍❤️‍💋‍👨Where stories live. Discover now