💕Part (2)💕 (Z+U)

7.3K 297 3
                                    

(Zawgyi)

''ဟော့!!"

ဖွင့်ထားသည့်တံခါးမှ ဦးငယ်ကားဝင်လာတော့ ယံယံ ဒန်းလွှဲနေတာကိုရပ်လိုက်သည် တိုက်ရှေ့မှာကားလေးရပ်သွားပြီးနောက် ခန်းမှ အသားဖြူဖြူနှင့် ခပ်သန့်သန့် လူငယ်တဦးဆင်းလာသည်။ အားပါးပါး....😮😮လှလိုက်တဲ့မျက်ခုံးကြီးပါလားနော်....ခပ်လှမ်းလှမ်းကတွေ့ရတာတောင် ထင်းခနဲမြင်သာသည့် မျက်ခုံးစိမ်းစိမ်းတွေကိုသဘောကျသွားမိပြီးစိုးရိမ်
စိတ်ကပါရင်ထဲမှာဖြစ်တည်လာသည် .... မိမျိုးတို့အုပ်စုတွေ့ရင်တော့ပြသနာပဲ။ နဂိုကတည်းက ကောင်လေးချောချောလေးတွေ့တာနဲ့ဝိုင်းလုတတ်ကြတဲ့ ငကဲမတွေလေ မလွယ်ဘူး မလွယ်ဘူး.😑ယံယံတစ်ယောက်အတွေးလွန်းတော့သည်🤔

(နင့်ကိုကိုပါသွားမှကြောင်နေတာမဟုတ်ဘူးလား ယံယံရယ်😝)

''ဦးငယ်နှင့်အတူ သူပါတိုက်ထဲဝင်သွားတော့မှ ယံယံ ထိုင်နေရာမှ ထရပ်လိုက်တော့သည်။ ခြံထောင့်ရှိ မာလကာပင်မှာ အသီးတို့ ပွနေလေပြီ ။ ယံယံ မာလကာပင်ဆီပြေးနေချိန် တိုက်ထဲမှ ဦးငယ်အသံထွက်လာလေသည်။ "

'' သားငယ်....ယံယံ"
''ဗျာ!"

''အဲ့ဒါ ဘာလုပ်အုံးမလို့လဲ......လာခဲ့ "

ယံယံ ခြေလှမ်းတွေကိုနောက်ပြန်လှည့်လိုက်ရပြီး တိုက်ထဲဝင်လာခဲ့တော့သည်။ဧည့်ခန်းထဲမှာ လူစုံရှိနေကာ မမ ဖျော်တိုက်တဲ့ စတော်ဘယ်ရီဖျော်ရည်ပင် သောက်နေကြသည်။

'' တွေ့လား.....ခုထိ မချိုးရသေးဘူး "

အန်တီနှင်းက မျက်စောင်းခံပြီးပြောလိုက်တာကို မကြားချင်ယောင်ဆောင်ပြီး ဆက်တီခုံမှာ ဝင်ထိုင်လိုက်သည် ။
မမ ကရေချိုးပြီးကာ လန်းဆန်းလှပလို့ပါလား ။ အိမ်နေ blouse အဝါဖျော့ဖျော့ကို ထမီပြောင်အနက်နှင့် တွဲဝတ်ထားကာ တင်ပါးအထိဖုံးသည့်ဆံပင်တွေကို သိုးမွေးကွင်း
ဖြင့် ခပ်ဖွဖွ လျော့လျော့လေး စည်းနှောင်ထားလေသည်။

'' ဒါ...ဦးငယ်ရဲ့ တူနဲ့တူမတွေပဲ ။ သူကအကြီး သျှားလေ
အဝေးသင် E-major တက်နေတယ် ၊ First Year ပေါ့
သူကတော့ အငယ်ကောင် မိုးယံပိုင်တဲ့ သူကတော့ဒီနှစ်ဆယ်တန်းတက်မှာ ။ သားနဲ့သမီး မှတ်ထားကြ ။ ဒါကိုလတ်ရဲ့
သူငယ်ချင်း ဖြစ်တဲ့ ကိုကျော်မိုးရဲ့တစ်ဦးတည်းသောသား
မိုးထက်မင်းမှုတဲ့ ဒီမှာ ဆေးကျောင်း လေးနှစ် ဆက်တက်ဖို့ ရောက်လာတာ"

❤ဆေးကျောင်းသားကိုကိုနှင့်ကျွန်တော် ❤(BL)👨‍❤️‍💋‍👨Where stories live. Discover now