💕Part(18)💕(Z+U)

2.9K 248 12
                                    

Zawgyi.....😍

ညနေကျောင်းဆင်းတော့ အိမ်မှာ မမအကြည်လေးရောက်နှင့်နေလေပြီ။သူ့ခုတင်ဘေးမှာ ထိုင်ခုံနှင့်ထိုင်လျက် ရီရီမောမောဖြင့်စကားပြောနေကြပုံကို ကျွန်တော်လှမ်းကြည့်မိလေသည်။

ကိုကိုကလဲမမကိုငေးလို့ပါလေ....

"အဲဒါနဲ့ပဲ ဆေးကျောင်းသားလေးက ဆေးကုခံလိုက်ရတယ်
ပေါ့လေ"

"နို့မို့ပျောက်ပါတယ်အကြည်လေးရဲ့။ညဘက်မိုးမိသွားလို့ပါ"

"ကောင်းတယ်...ကလေးနဲ့ရောပြီးဆော့တာကို"

"မဟုတ်ပါဘူး။သူညာတာကို ကိုယ်ခံလိုက်ရလို့ပါ"

"ယံအကြောင်းလဲသိရဲ့သားနဲ့"

ညာတာတဲ့...ဟုတ်တာပေါ့....သစ်ကိုင်းကျိုးကျပြီဆိုပြီးညာမိတာမှန်ပါတယ်။ဒါပေမဲ့....ကိုကိုကဘာကြောင့်ယုံခဲ့ရတာလဲ။

အကြည်လေး ရှင့်ကိုမချစ်တော့ပါဘူးလေ။ရှင်စိတ်ထဲကျွန်မကိုသူငယ်ချင်းထက်မပိုမှန်းသိလိုက်ရပါပြီ။ ရှင့် ယံလေးအကြောင်းပြောနေရင် မျက်ဝန်းထဲအချစ်ရိပ်သန်းနေတာရယ်
အမြဲအပြုံးလေးတွေဝေနေတာရယ်ကြည့်ပြီးရှင်ရင်ထဲယံလေးရှိနေပြီဆိုတာ ကျွန်မခန့်မှန်းလို့ရပါတယ်။ဒါပေမဲ့...ရှင်သျှားရဲ့မာယာတွေထဲမပါသွားမို့ မျှော်လင့်မိပါတယ်။မိန်းမသားချင်းမို့သျှားရဲ အမူအရာကိုကြည့်ပြီးသိနိုင်ပါတယ်။ရှင်
ယံလေးကိုချစ်နေတယ်ဆိုတာ ရှင်အခုချိန်သိသိမသိသိ ကျွန်မာတို့ရဲ့ fujoshiသဘာဝအတိုင်း ရှင့်ဟာယံလေးအတွက်ပဲဖစ်ရမယ် ဘာမှလာမပြောနဲ့😎

"ယံ.....ဟဲ့"

"ဟင်"

"ဘာလိုချောင်းနေတာလဲ"

"မချောင်းပါဘူး။မမအကြည်လေးရောက်နေလို့ လှမ်းကြည့်တာပါ"

"ဒီည ကျူရှင်မရှိဘူးဆို"

"အင်း"

"နင့်အတွက် စာရောက်နေတယ်။ငါစားပွဲပေါ်မှာတက်ပေးထားတယ်။ရေချိုးပြီးဆာရင် စားထားနှင့်၊ငါပိုင်လေးကိုကျွေးဦးမယ်"

❤ဆေးကျောင်းသားကိုကိုနှင့်ကျွန်တော် ❤(BL)👨‍❤️‍💋‍👨Where stories live. Discover now