💕Part (34)💕(Z+U)

3.9K 251 19
                                    

Zawgyi..... 😍

👦ကောင်လေး.......
အဝေးတစ်နေရာကစောင့်ကြည့်
မထိတထိအပြုံးမျိုးကို
မင်းမို့ ပြုံးတတ်တယ်.......

👦ကောင်လေး........
မဆိုစလောက် ကလေးတစ်ယောက်ရဲ့အပြစ်
အလစ်ချောင်းတိုက်ခိုက်မှုမျိုးကို
မင်းမို့ လုပ်တတ်တယ်.......

👦ကောင်လေး......
တစ်ဖက်လူ မခံချိမခံသာအောင်
ခပ်လှောင်လှောင်ရယ်သံမျိုးကို
မင်းမို့ရယ်တတ်တယ်........

👦ကောင်လေး.....
အပြုံးတုနဲ့အမုန်းတွေ
မင်းပေးမယ်ဆိုလည်းပေးပါတော့
ခါးသီးတဲ့ ချစ်ခြင်းတွေကို
ရင်ထဲထိ မျိုချ
မာနတွေခဝါးချပြီး
နှလုံးသားကိုပူဇော်
အသည်းတော်လှန်ရေးသမားရဲ့ရှုံးခြင်း
အဆုံးသတ်မှာအနိုင်ယူ
ပိုင်ဆိုင်သူမရှိတဲ့တမ်းချင်း
အလွမ်းသီချင်းတွေညည်းညူး
ဒီရင်အပူငြိမ်းအောင့်လို့
ကုစားပေးလှည့်ပါတော့လား
ကောင်လေးရယ်......👦

💔💔💔💔💔💔💔💔💔💔💔💔💔💔💔

"ဘွား
ယံ,စာရေးလိုက်ပါတယ်။မနက်ဖြန်မှာ ယံ,မြန်မာစာ စပြီးဖြေရမှာလေ။ဒါပေမဲ့....ဒီအကြိုညမှာ ယံမျက်ရည်ကျနေရတာကို ဘွားကိုသိစေချင်လိုက်တာ။
ဘွားရယ်...လေးလေးကိုချစ်တာနဲ့ပဲ လေးလေးရဲ့သားနဲ့ယံကိုဘာဖြစ်လို့ သဘောတူထားရတာလဲ။အဲဒီလို ဘွားစီမံထားလို့ မဖြစ်သင့်တာတွေဖြစ်ပျက်ခဲ့ရတာပါ။ဘွားချစ်တဲ့မြေး ဆေးကျောင်းသားလေးက မမနဲ့မှကြိုက်ခဲ့တာ။မမကိုကတိတွေပေးထားခဲ့တယ်ဆိုလို လေးလေးဒေါသတွေအရမ်းထွက်ခဲ့ရတယ်။ပြီးတော့....မမရောဂါအကြောင်းကိုပွင့်ပွင့်လင်းလင်းပြောပြလိုက်တယ်လေ။
နောက်ဆုံးတော့ ယံတို့မောင်နှမနှစ်ယောက်စလုံးကို သူခေါင်းခါလိုက်တာ ဘာကြောင့်လဲဆိုတာကို ယံတွေးမိပြီး သိသွားရပါပြီ။အဲဒါကတော့ သွေးချင်းတူဝမ်းကွဲအစ်မဖြစ်တဲ့မမရဲ့ရောဂါကြောင့် သူနောက်ဆုတ်သွားတယ်ဆိုတာကိုပေါ့။
ယံစိတ်မကောင်းဖြစ်ခဲ့ရတာပါ။
ယံမှာ အသက်ငယ်ပေမယ့် မာနတော့ရှိပါသေးတယ်ဘွားရဲ့။ယံမာနနဲ့ ယံစိတ်ကိုပြန်တင်းထားနိုင်တာပါ။ဘယ်လောက်ပဲ သံယောဇဉ်ရှိနေစေဦးတော့ ယံကိုမချစ်နိုင်တဲ့လူတစ်ယောက်နဲ့လက်ထက်ဖို့ ယံငြင်းချင်ပါတယ်။ပြီးတော့....ယံကလည်း အသည်းတစ်ခြမ်းသာရှိတဲ့ သူ့လိုဆေးကျောင်းသားတစ်ယောက်ကိုလက်မခံချင်ပါဘူး။
ဒီတော့....သူနဲယံ ညီအစ်ကိုတွေလိုပဲသဘောထားလိုက်တာအကောင်းဆုံးပါပဲ။ယံအတွက် သူဟာ ထာဝရအစ်ကိုတစ်ယောက်ဖြစ်နေသလို၊သူ့အတွက်လည်း အမြဲတမ်းညီလေးဖြစ်ခွင့်ရရုံနဲ့ ယံကျေနပ်လိုက်ပါတယ်။နောက်ကိုယံအတွက် အိမ်ထောင်ဖက်ရှာမပေးပါနဲ့တော့။ယံချစ်တဲ့သူ,ချစ်နိုင်မယ့်သူကိုပဲ ရွေးချယ်ပါရစေ။ဘွားလည်းနေကောင်းအောင်နေနော်။စာမေးပွဲပြီးတာနဲ့လေးလေးနဲ့အတူ ယံပြန်လာခဲ့မှာပါ။

❤ဆေးကျောင်းသားကိုကိုနှင့်ကျွန်တော် ❤(BL)👨‍❤️‍💋‍👨Where stories live. Discover now