💕Part (25)💕(Z+U)

2.9K 195 6
                                    

Zawgyi... 😍

ကလေးတဲ့...ဟုတ်ပါတယ်။ယံက တကယ့်ကလေးသာသာအရွယ်ပါလေးပါ။ဒါပေမဲ့ အဲဒီကလေးလေးရဲ့ ရင်ထဲမှာခံစားတတ်တဲ့ နှလုံးသားတစ်ခု ရှိနေတယ်ဆိုတာပါပဲ။ပါးပြင်းပေါ်က
ရခဲ့ရတဲ့ဒဏ်ရာနှစ်ခုထက် ရင်ထဲကဒဏ်ရာကပိုပြီး ခံရခက်စေတာ အမှန်ပါ။ကလေးတစ်ယောက်ကိုပေးခဲ့တဲ့ ဝေဒနာက
မတန်တဆတနင့်တပိုးကြီးပါလားကွယ်။

ဆိုးမိခဲ့တာ အပြစ်လား။ဒါတွေကိုကျေလည်အောင် ယံမရှင်းနိုင်တော့ပါဘူး။အနိုင်ယူလိုသူ့ရဲ့နှလုံးသားကို တစ်ချီလေးတော့
အရှုံးဆိုတာ ဝင်တတ်ဆိုတာကို ယံသိလိုက်ပါပြီ။

ဒီပွဲမှာ ယံကို မမနိုင်ပါတယ်။တစ်ဘဝစာအတွက် အနိုင်ယူလိုက်တာပါလေ။ယံက မမလိုဟန်မဆောင်တတ်ဘူး။မာယာမများတတ်ဘူး။မူယာမပိုတတ်ဘူး။ရင်ထဲရှိတဲ့အတိုင်း ဟောဟောဒိုင်းဒိုင်းပြောချတတ်တာ အပြစ်လို့ဆိုရင်လည်း ခံယူရုံပါပဲ။

ပြီးတော့.....ယံက မမလိုအဘက်ဘက်ကပြည့်စုံပြီး တန်ဖိုးရှိတဲ့မိန်းကလေးမျိုးလည်း မဟုတ်ပါဘူး။ဒီလိုယောကျာ်းလေးမျိုးကို ဘယ်သူကမှ အလေးပေးတန်ဖိုးထားနိုင်မှာမဟုတ်မှန်း
ယံသိနေပါတယ်။ဒါပေမဲ့ ကိုကိုအလေးပေးတာကိုတော့ ခံယူချင်နေမိတာ ဘာကြောင့်လဲ။

ဖြိုးနဲ့ရင်းနှီးစွာဆက်ဆံတာမှန်ပေမယ့် ကိုကို့ အပြုံးကိုသာ
ယံ မြင်ချင်ခဲ့တာ။ကိုကို ခပ်ဖွဖွထုတဲ့လက်သီးဆုပ်လေးကို
ယံမျှော်လင့်ခဲ့မိတာလေ။မတည့်တုန်းက မျက်မှောင်ကြုတ်ကြည့်ခဲ့တဲ့ မျက်ဝန်းနက်တွေကို ဒေါသဖြစ်တတ်နေရာက အမြဲအမှတ်ရနေခဲ့ရတာကရော ဘာကြောင့်များလဲ။

ပါးပြင်ထက် ပူနွေးသွားတာကြောင့် လက်ဝါးဖြင့်စမ်းမိစဉ် မျက်ရည်တွေကိုမြင်လိုက်ရပါ၏။ ယံဘဝမှာ ဒီလိုတစ်ခါမှ မျက်ရည်ကျခဲ့တာမျိုး မရှိခဲ့ပါ။ အခုတော့ ပထမအကြိမ်ရော၊ ဒုတိယ အကြိမ်ပါ မျက်ရည်တွေကျနေခဲ့ရပြီလေ။

မမကြောင့်....ပြီးတော့....ကိုကို့ကြောင့်ပါပေါ့။ညဥ့်ယံမှာရှိုက်သံနှင့်အတူ ရီမောသံသဲ့သဲ့မျှ ထွက်ပေါ်လာလေ၏။အချစ်ဆိုတာ ဘာမှန်းသေသေချာချာပင် မသိရသေးခင်မှာ သူရင်ထဲက အချစ်သစ်ပင်ကို အမြစ်ကနေဆွဲနှုတ်သတ်ပစ်ခြင်းခံလိုက်ရတာကိုတော့ သူကိုယ်တိုင်ပဲ သိနိုင်ပါတော့တယ်လေ။

❤ဆေးကျောင်းသားကိုကိုနှင့်ကျွန်တော် ❤(BL)👨‍❤️‍💋‍👨Where stories live. Discover now