ရွာရိုးကိုးပေါက် ရှမ်းရှမ်းတောက်နေအောင်ဘဲကျောင်းနေသော အိမ်ရဲ့အငယ်ဆုံး အသဲကျော်လေးရှောင်းကျန့်
မောင်နှမ၁၃ယောက်ထဲ အငယ်ဆုံးလေး
အိမ်အလုပ်ကလွဲရင်အကုန်စိတ်ဝင်စားတယ်
ဘဲ အငှားကျောင်းပေးတယ်
နာရေးအိမ်မှာ ညအိပ်စောင့်လုပ်ပေးတယ်
အလှူမှာသီချင်းလိုက်ဆိုပေးသေးတယ်
ကီးကြောင်နေတာတော့ခွင့်လွှတ်ကြပေါ့
အခုလည်း ဘဲတွေကိုရွာပြင်က လယ်ကွင်းကြီးထဲလွှတ်ထားကာ ကိုယ်တိုင်ကကမ်းပါးလေးမှာထိုင်ရင်း
သီချင်းတအေးအေးလေးနဲ့သာသာယာယာလေး" ကျန့်ကျန့် ကျန့်ကျန့်
အမေ နင့်ကိုလိုက်ရှာနေတယ်
အခုပြန်လာခဲ့တဲ့
အရေးကြီးကိစ္စပြောမလို့တဲ့ "အမလတ်ကအော်ခေါ်သွားကာ ဟင်းရွက်ဗန်းမ,ပြီး
ထွက်သွားတယ်
ရှောင်းကျန့်မျက်နှာကြီးဆူပုတ်ထားကာဆောင့်အောင့်ပြီး
လိုက်လာရတယ်
ဘဲကျောင်းက အပြန် ချိန်းပွဲရှိသေးတာကိုလာခေါ်နေတယ်
ချိန်းပွဲဆိုလို့ အခြားမထင်နဲ့
ရွာက ကလေးတွေနဲ့ ဒိုးပစ်တာမနေ့ကရှုံးထားလို့
ဒီနေ့နောက်တစ်ပွဲ အတွက် ချိန်းထားတာတစ်ယောက်ထဲပွစိပွစိပြောရင်း တွေ့သမျှအပင်ဆွဲနှုတ်ကာ အိမ်ပြန်လာလိုက်တယ်
အိမ်ရောက်တော့ အိမ်ရှေ့ကွစ်ပစ်မာ ရွာဦးကျောင်းက
ဆရာတော်နဲ့အိမ်ရှိလူကုန် အကုန်ထိုင်တဲ့လူကထိုင်
မတ်တပ်ရပ်တဲ့လူကရပ်နဲ့ပဲ" ကျန့်ကျန့် ဒီလာလေ သား "
" ဟုတ် မေမေ "
မေမေ ဘေးပြေးကပ်ထိုင်လိုက်တော့မေမေက
ကျန့်ကျန့် ကိုယ်လုံးလေးကိုဖက်ထားကာပခုံးလေးကိုခပ်ဖွဖွပုတ်ပေးနေတယ်
ပြီးမှသက်ပြင်းသဲ့သဲ့ချကာ