တီ..တီ...
*ဟိုအက်ိုလေး ဖုန်းကခေါ်နေတာကြာပါပြီ ဟိုအကိုလေး မကိုချင်ရင် ကျွန်တော်ကိုင်ပေးလိုက်ရမလား
ဟင်*အာရုံနောက်တယ် ကိုင်လိုက်ငါမရှိဘူးလို့ပြောလိုက်
*ဟုတ်..အကိုလေး
စားပွဲပေါ် တင်ထား တဲ့ ဖုန်းကိုယုံးဂျွန်အမြန်ကောက်
ကိုင်လိုက်ပြီး သူဘဲ မျက်နှာပူပူနဲ့အစားကိုင်ပေးလိုက်
ရတော့တယ် ဟယ်လိုဆိုတာနဲ့ အကိုလေးမဟုတ်မှန်း
သိတော့ တန်းကိုလွှဲပေးဖို့ပြောတော့တာဘဲ*မင်းရဲ့သူဋ္ဌေးကိုပေးလိုက်
*ဟိုအကိုလေး မရှိထားပါဘူး
*ငါသိတယ် သူရှိတယ်ဆိုတာ အမြန်ဖုန်းသူ့ကိုပေး
လိုက်အကိုလေးဘက်ကိုလှမ်းကြည့်လိုက်တော့ ခေါင်းခါပြလေရဲ့
*ဟို တကယ်မရှိတာပါ အကိုလေး အပြင်ထွက်သွား
လို့ပါ နည်းနည်းလောက် ကြာပါပြီ*အပြင်ထွက်သွား တာ ဖုန်းမယူသွားဘူးပေါ့ပြီး
တော့ မင်းက သူ့မန်နေဂျာမလား မင်းမပါဘဲ သူတစ်
ယောက်ထဲ အပြင်သွားတယ်လို့ပြောချင်တာလားဒုက္ခ ဘဲ ဗျာ လိမ်တာမပိရိသွားဘူး အကိုလေးကို
ကြည့်လိုက်တော့ ဒေါသထွက်နေလေရဲ့*ဟုတ်ပါတယ် အပြင်ကို ထွက်သွားတာဖုန်းယူဖို့်
မေ့သွားလို့ ပါ ပြီးတော့ အကိုလေးက အပြင်ကို
တစ်ယောက်တည်းသွားတာမဟုတ်ပါဘူး အကိုလေး
ရဲ့သူငယ်ချင်းနဲ့ အပြင်ထွက်သွားတာပါ လောလော
နဲ့ထွက်သွားတော့ ဖုန်းမေ့သွားတာပါဒီအညတည ကလေးကတော့ ငါ့ကိုလာလိမ်နေပြန်
ပြီ*ငါ့ကိုသူငယ်နပ်စားများထင်နေလား သူငါ့ဖုန်းမကိုင်
ရင်ငါ သူ့ဆီလာမယ်လို့ပြောလိုက်ဖုန်းက စပီကာ ဖွင့်ထားတာကြောင့် အတိုင်းသား
ကြားနေရပြီး အကိုလေးကိုယ်တိုင်ဖုန်းကိုဆွဲယူသွား
လေရဲ့