မီးရောင်တစ်ဖျက်ဖျက်နဲ့နေရတာကိုအသားမကျသေးပေမယ့် ဖြစ်နေကြမို့ အလိုက်အထိုက်တော့
နေလို့ရသလိုရှိပြန်သည် ပြောတော့တာဖန်ပြုလုပ်
ပေးတဲ့ပွဲတဲ့ မီဒီယာသမားတွေပါ ပါလာတာကိုတော့
ဂျီမင်းသိပ်သဘောမကျ ဘေးနားက ဂျောင်ကု ကို
ကြည့်လိုက်တော့ စပ်ဖြဲဖြဲလုပ်ကာပြုံးနေပုံကစောင့်
ကန်ချင်စရာကောင်းလှသည်*ဂျောင်ကု....
သူခေါ်တာကိုမကြားချင်ယောင်ဆောင်ကာပြုံးမြဲပြုံး
နေသော တစ်ကောင့်သားကို မှတ်လောက်အောင်
ခြေထောက်နှင့် သူ့ခြေထောက်ပေါ်အားနဲ့ဖိချလိုက်
တော့ မျက်နှာက ဘီလူးမသံပုရာသီးစားတဲ့အခွက်
ဖြစ်သွားယုံကလွှဲလ်ို့ ဘာမှတုန့်ပြန်မလာ*ဂျောင်ကု
ဂျီမင်းဒေါသကိုအတက်နိုင်ဆုံးချိုးနှိမ်ကာ အသံကို
ခံကျိတ်ကျိတ်လုပ်ကာပြောလိုက်တော့ လှည့်ကြည့်
လာလေရဲ့*တော်ပါသေးရဲ့ လှည့်ကြည့်လာသေးလို့ငါထင်တာ
ထိုင်ပြီးသေနေတာလားလို့*ဘာလို့လဲ ချစ်ကကိုယ့်မျက်နှာကိုကြည့်ချင်လို့ခေါ်
နေတာလား ဟမ်..အဲ့လောက်တောင်ကိုယ့်ကိုချစ်တာ
လားမဟုတ်မဟက်နဲ့ရှာရိုးမရှိတိုင်းပြောဖို့မွေးလာတယ်
ထင်ရအောင် ဂျောင်ကုဆိုတဲ့ဒင်းက စိတ်ပျက်ဖို့်ကောင်းလွန်းတယ်*ရူးနေလား ငါ့ကိုဒေါသထွက်အောင်လာမလုပ်နဲ့
မင်းမီဒီယာတွေကိုခေါ်ထားတာလား*တိုးတိုးပြောလဲရပါတယ်ချစ်ရာသူများတွေကြား
ကုန်မှ*အဲ့တာဆို နင်အမှန်တိုင်းပြောလေ ကိုယ်လုပ်ထား
တာကိုကိုယ်ဝန်ခံဖို့ သတ္တိရှိရမှာပေါ့သူ့ရှေ့ကနေရူးရူးရှဲရှဲဖြစ်နေတဲ့ ဂျီမင်းကိုကြည့်ရင်း
ဂျောင်ကု စိတ်လေလာသည် ဘာမဟုတ်တဲ့ ကိစ္စကို
လဲသူလုပ် တယ်လို့ဘဲထင်နေရော သူလုပ်တော့ရော
ဘာဖြစ်လဲ ဘာမှထိခိုက်သွားသည်မဟုတ် အခုဟာက
သူတို့လိုနာမည်ကြီးတစ်ယောက်အနေနဲ့ အခုလို လူကြားထဲမှာ ထွက်ပေါ်လာပါတယ်ဆိုမှတော့ မီဒီယာတွေ ရှိစမြဲပင်မဟုတ်လား ထိုအချင်းအရာ
ကိုသူမသိသည်လား မသိချင်ယောင်ဆောင်ပြီးရစ်
နေသလား