အင်းဘာလိုလိုနဲ့ ကျွန်တော်တောင်ကလေးရဲ့မွေးရပ်
ရောက်နေတာ ဆယ်ရက်ကျော်ပြီ အဲ့ဆယ်ရက်အတွင်း အများကြီးပြောင်းလဲသွားခဲ့တယ် ပြောရ
ရင် ယောက္ခထီးက ကျွန်တော့်ကိုအရင်ကထက်အ
မြင်ကြည်လာတယ် ယောက္ခမကတော့ပြောမနေနဲ့
တော့ တကယ်ပါဗျာ ဒီမိသားစုထဲမှာနေရတာသိပ်
ပျော်ဖို့ကောင်းတယ် နွေးထွေးတယ် နူးညံ့တဲ့ အချစ်
မေတ္တာတွေနဲု့ပြည့်နက်နေတဲ့ အိမ်ကလေးပေါ့ အရာ
အားလုံးက ပျော်စရာတွေတဲ့ပြည့်နေပေမယ့် မပျော်
နိုင်တာကကျွန်တော်အဖေရဲ့ သဘောမတူနိုင်ဘူး
ဆိုတဲ အတ္တအဖေဟာလေ အသက်တာကြီးလာတယ်
ဘယ်တော့မှ မပြောင်းလဲဘူး အရင်ကလဲ အဲ့လိုဘဲ
အခုလဲ အဲ့လိုဘဲတစ်နေ့ က ကျွန်တော် ဂိမ်းဆော့နေတုန်းအဖေ့ဆီက
မက်ဆေ့တစ်စောင်ရောက်လာတယ် အဲ့တာကဘာလဲ
ဆိုတော့ ကျွန်တော်သာ ဂျီမင်းနဲ့လက်ထပ်ရင် အမွှေ
ဖြတ်စွတ့်လွှတ်ပစ်မယ်ဆိုတာရယ် ဘယ်တော့မှ သူ့
ကိုအဖေလို့ထပ်မခေါ်ရတော့ဘူးတဲ့ သားသမီးဘဲ
အဖေ့ကိုမျက်ကွယ် ပြုနိုင်ရိုးလား အဲ့လိုမျက်ကွယ်
မပြုနိုင်လို့ ဂျီမင်းနဲ့လဲ အဆက်အသွယ်မပျက်နိုင်ပါ
ဘူး ကျွန်တော်ကတော့ ကျွန်တော့်ဘအတွက် ဂျီမင်း
ရှိမှ ပြည့်စုံမှာပြီးတော့ အဖေလဲရှိနေရမှာပေါ့ကျွန်တော့်ကိုအမွှေဖြတ်စွန့်လွှတ်လိုက်ပါ ကျွန်တော်
ဂျီမင်းကို မစွန့်လွှတ်နိုင်ဘူး ပြီးတော့အဖေ့ကိုလဲ
မစွန့်လွှတ်နိုင်ဘူးလို့ပြန်ပြောလိုက်တယ် အဲ့တော့
အဖေက ဖုန်းဆက်ပြ်ီး ဘာပြန်ပြောတယ်ထင်လဲ
ငါသေတာကိုမြင်ချင်ရင် လုပ်တဲ့ အော်အဖေရယ်
အဖေတစ်ခုခုဖြစ်တာကို ကျွန်တော်လဲ မကြည့်ရက်
နိုင်သလို ဂျီမင်းနဲ့ဝေးလို့ ကျွန်တော်တစ်ခုခုဖြစ်မှာ
ကိုရော အဖေမတွေးမိဘူးလားလို့ပြောလိုက်တော့
မွေးရကျိုးမနပ်တဲ့သားဆိုပြီး ဖုန်းချသွားလေရဲ့
အဲ့နေ့ကနေစပြီး အဖေ့ဆီက အဆက်အသွယ်မရ
တော့ပါဘူး ဒီနေ့ထိပေါ့
![](https://img.wattpad.com/cover/220557940-288-k754006.jpg)