*သား..ထည့်စားနော်..ဘာမှအားမနာနဲ့ မနက်ဖြန်
ကျရင်သားကြိုက်တဲ့ဟင်းတွေကိုအန်တီချက်ကျွေး
မှာ အကုန်စားရမယ်နော် မငြင်းရဘူးကိုယ့်သားအရင်းထက် သားမက်ကိုပိုပြီးဦးစားပေး
နေတယ့် မိန်းမကိုကြည့်ရင်း ဥက္ကဋ္ဌပတ်တစ်ယောက်
ထမင်းစားချင်စိတ်ပျောက်ကုန်ရသည်*မင်းလဲ နော်ငါမပြောချင်ဘူး ငါကအိမ်ဦးနတ်လေ
ငါ့ကိုအရင်ဦးဦးဖြားဖြားမထည့်ပေးဘဲနဲ့ မတော်ရသေးတဲ့ သားမက်က အရင်ထည့်ပေးတယ်ဆိုတော့
ဘာလဲမင်းက ငါ့ကိုအသက်ကြီးပြီဆိုပြီး ပလစ်တဲ့
သဘောလားအကြည့်စိမ်းစိမ်းတွေနဲ့တစ်ယောက်နဲ့တစ်ယောက်
အကြည့်ခြင်းပြိုင်နေကြတဲ့ အဖေနဲ့အမေကိုကြည့်
ရင်း ဂျီမင်းမှာကြားထဲက ဂျောင်ကုကိုအားနာနေမိ
သည်*အော်..ရှင်ကအိမ်မှာအမြဲဘယ်ခ်ျိန်ဖြစ်ဖြစ်စားလို့
ရတယ် ကျွန်မသားမက်ကိုအခုချိန်လေးဘဲ စားချင်
တာလေးတွေချက်ကျွေးရတာကိုရှင်ကဘာဖြစ်နေတာလဲ*ဖြစ်ရမှာပေါ့ ငါ့ဦးမချရင်တောင် မင်းသားအရင်း
ဖြစိတဲ့ငါ့သားကိုလဲ ထည့်ပေးဦးပေါ့ဘယ်နှယ့်
မတော်ရသေးတဲ့ သားမက်ကိုလွန်လွန်ကြူးကြူး
အကဲပိုပြနေရတယ်လို့် သတိကောရသေးရဲ့လား
ဒီထမင်းဝိုင်းမှာ မင်းယောက်ျားငါရယ် မင်းသား
တစ်ယောက်လုံးရှိနေသေးတယ်ဆိုတာကို ငါကြည့်
တာကြာနေပြီနော် မပြောချင်လို့ကြည့်နေတာ ဒီ
မိန်းမအသက်ကဖြင့်ကြီးနေပြီ ငါ့ကိုဆုံးမရအောင်
မလုပ်နဲ့ခမည်းခမက်ရဲ့စကားအပြောအဆိုတွေကိုကြည့်ရင်း
ဂျောင်ကု မှာရယ်လဲရယ်ချင်သလို အားလဲအားကျမိ
သည် အသက်အရွယ်အရသာ လူကြီးလူကောင်းတစ်
ယောက်ဆိုပေမယ့် ဒီလိုကြတော့လဲ ဆယ်ကျော်သက်
စုံတွဲတွေလို တဝန်တိုနေကြတုန်း ကျွန်တော်လဲတွေး
မိသွားတယ် နောင်တစ်ချိန် အသက်ကြီးလာရင်
ဂျီမင်းနဲ့ အတူဘဝကိုဒီလိုလေးဖြတ်သန်းရရင်
ကောင်းသားဆိုပြီး