*ဒီနေ့ အထူသတင်းကတော့
မနေ့ည ရှောပ့်ပင်းစင်တာ
စင်တာတစ်ခုမှာ မျှော်လင့်မထားတဲ့
အနုပညာရှင်နှစ်ယောက်ကို
ပုရိသတ် အများအပြား တွေ့ခဲ့ကြပါတယ်
အဲ့တာကတော့ နာမည်ကြီး
ထိပ်တန်းမင်းသားနှစ်လက်ဖြစ်တဲ့
မင်းသားဂျီမင်းနဲ့ မင်းသား ဂျောင်ကု
တို့ရဲ့ တစ်နှစ်ပြည့်ချစ်သူ
သက်တမ်းဆိုတာအားလုံးရှေ့မှာ
မျက်ဝါးထင်ထင်
ချပြလိုက်တာပဲဖြစ်ပါတယ်
သူတို့အနေနဲ့ တွဲနေတာတစ်နှစ်
ရှိပြီဖြစ်ကြောင်း မင်းသား ဂျောင်ကုဘက်က
အတိအလင်းကြေငြာခဲ့သလို
စိတ်ကောက်နေတဲ့ချစ်ရသူ
ဂျီမင်းအတွက်ဆိုပြီး
ရိုမန်တစ်ဆန်တဲ့ ပန်းစည်းလေးနဲ့
မင်းသားဂျောင်ကု ဘယ်လိုချော့ခဲ့တယ်ဆိုတာ
ရိုက်ကူးထား
တဲ့ ဗီဒီယိုဖိုင်နဲ့အတူ ကြည့်လိုက်ကြပါအုံးချောက်!
ဂျီမင်းစိတ်ရူပ်စွာ တီဗွီကို
ပိတ်ပစ်လိုက်သည် မနက်စောစောစီးစီး
ဒီသတင်းကနေရာတိုင်းမှာ
ဟိုးလေးတကျော်ကျော်ဖြစ်နေတာ
အဲ့လိုဖြစ်လာမှာမို့ စိတ်ကိုကြိုတင်
ပြင် ထားပေမယ့် တကယ်တမ်း
ဖြစ်လာတော့ လူကဆောက်တည်
ရာမရတော့ဒါကြီးက အဖေသာသိသွားရင်ဆို
တဲ့အတွေးက ဂျီမင်းခေါင်းထဲတဝဲ
လည်လည်ဆိုရှယ်မီဒီယားအား အတော်အသင့်
အသုံးပြုလေ့ရှိသည့်ဖခင်သည်
အနှေးနှင့်အမြန် ထိုသတင်းအား
သိသွားပေလိမ့်မည်ငါချီး အသုံးမကျတဲ့ကောင်
စိတ်ထင်တိုင်းကြဲပြီး ငါ့ကိုဒုက္ခ
ပေးရလို့ပျော်နေမှာပေါ့
ရတက်မအေးနိုင်တဲ့ ပတ်ဂျီမင်း
ကတော့ ဘယ်အချိန်အဖေ့ဆီက
ဆက်သွယ်မူများရောက်လာ
မလဲတွေးရင်းရင်တွေ အဆမတန်
ခုန်ကာ တစ်ဒုတ်ဒုတ် နှင့်ပေါက်ကွဲ
လုမတတ်*အား.....
ဂျီမင်းစိတ်ရူပ်စွာ အော်ပစ်လိုက်မိသည်
ရူးသွားလိုက်ချင်သည် ထိုကဲ့သို့
ကောင်အား အတည်တွဲရမည့်
အစား ဆယ်ရက်တိတိ
ဘာမျှမစားမသောက်ပဲ
အခန်းတွင်းသာ အောင်းလိုက်ချင်သည်*ကြံစမ်း...ကြံစမ်း ဘယ်လိုလုပ်ရမလဲ
ငါသူ့လိုကောင်နဲ့တော့ အတည်မတွဲနိုင်ဘူး
နော်မရဘူး ပတ်ဂျီမင်း မင်းအဲ့အစားရူး
သွားရင်တောင် ခံသာအုံးမှာ