*ဒါဆို ခင်ဗျား ဒီမှာအိပ်မှာပေါ့
*ငါပြောပြီးပြီလေ အိပ်ယာမရှိပါဘူး ဘာဖြစ်လဲ
ယောကျား လေးချင်းဘဲဟာ ဘာဖြစ်မှာကျနေတာ
ဘဲ*ဘယ်လိုဘဲ ဖြစ်ဖြစ် ခင်ဗျားလို အသားယူတတ်တဲ့
သူနဲ့ တစ်အိပ်ယာထဲ အတူမအိပ်နိုင်ဘူး*ငါကမင်းကို ဘာလုပ်မှာမို့လို့လဲ
*ဘာလုပ်မလဲ ဆိုတာဘယ်သူသိမလဲ
*နင့်ကိလဲ ဘယ်သူမှ ဘာမှမလုပ်ချင်ဘူး ရုပ်ကြည့်တော့ ကလေးမသာရုပ်နဲ့
*အော်ဟော်...ကလေးမသာရုပ်ဘာဖြစ်လဲ ခင်ဗျား လို မရင့်ထော်နေရင်ပြီးရော
*အဲ့လိုပြောကြေးဆို မင်းမှာရော ငါ့လိုအရပ်အမောင်းမျိုးရှိလို့လား
*အမလေး ခင်ဗျား လိုတော့ မဖြစ်ချင်ပါဘူး
တစ်ကမ္ဘာလုံးမှာ ခင်ဗျား တစ်ယောက်ထဲ အရပ်
ရှည်တယ်များထင်နေလား အဲ့လောင်ထိလဲမရှည်
ရပါဘူး သဘောပေါက်*ငါတောင်အဲ့လောက်မရှည်ဘူးဆိုမှတော့ မင်းဆ်ိုရင်
ပေတောင်ပြည့်ပါ့မလား*ဟေ့...စကားပြောတာလွန်မလာနဲ့နော်ကျုပ်အရပ်
ငါးပေ ရှစ်ရှိတယ်ဗျ*အေ့ ငါတော့မင်းထက်ရှည်တယ်
*သွားလေးပိုခေါတာရောထည့်ပြောပါဦး
*မင်း...
*လက်မပါနဲ့နော် ကျုပ်အခုရန်မဖြစ်ချင်ဘူး
လေပေါ်ပျံဝဲ နေပြီဖြစ်တဲ့လက်ကိုလမ်းတဝက်မှာ
တင်ရပ်လိုက်ရသည်*ဒါဆိုလဲ ဟိုဘက်တိုး အိပ်တော့မယ်
*ဘာလို့တိုးရမှာလဲ ခင်ဗျား တစ်ခြားနေရာမှာသွား
အိပ်လေ ဆိုဖာပေါ်မှာဘဲ ဖြစ်ဖြစ် ဧည့်ခန်းမှာ ဘဲ
ဖြစ်ဖြစ်*ဒါဆိုမင်းသွားအိပ်လေ ဘာလို့ငါ့ကို သွားအိပ်ခိုင်း
တာလဲ မင်းကငါနဲ့ မအိပ်ချင်ဘူးမလား ဒါဆိုမင်း
ဧည့်ခန်းမှာ သွားအိပ်လိုက်လေ ငါတော့ဒီမှာဘဲအိပ်မှာ