Sheri ၏ စူးစူးရှရှအော်သံကြောင့် အခန်းတွင်းသို့ အမျိုးသမီးတစ်ဦး ပြေးဝင်လာ၏။ ထိုအမျိုးသမီးက သူမထံထိပ်ထိပ်ပြာပြာ ပြေးလာရင်းဖြင့်....
" နွမ်.. ! သမီးဘယ်နားနာနေလို့လဲ ...? "
သူမက ရှရီအခြေအနေကို ပူပန်စွာမေးလာ၏။
ရှရီမှာ ဝင်လာသည့်အမျိုးသမီးဟာ မည်သူမည်ဝါမှန်းမသိ၍ ရှုပ်ထွေးနေရ၏။ ထိုအမျိုးသမီးကိုကြည့်လိုက်တော့ သူမဟာအလွန်လှပသူတစ်ဦးဖြစ် လေသည်။ သူမအနောက်မှ အရပ်ရှည်ရှည် အမျိုးသားတစ်ဦးလည်း အခန်းထဲအတူလိုက်ဝင်လာခဲ့၏။ ထိုအမျိုးသားဟာလည်း အရပ်မြင့်မြင့်ဖြင့် အလွန်ခန့်ညားချောမောလေသည်။ ထိုသူက ရှရီနှင့် အမျိုးသမီးတို့ထိုင်နေသည့် အိပ်ရာသို့ လှမ်းကြည့်နေခဲ့သည်။
Sheri မှာ သူတို့၏ ရုပ်သွင်ကိုကြည့်လျက် မျက်ခုံးတွေပင် ပင့်သွားကာ ရင်တွေတောင်ခုန်ချင်သလိုလိုဖြစ်လာရ၏။ ရှရီအတွေးထဲမှာ သူမ၏ အရှေ့ကအနှီအမျိုးသား၊ အမျိုးသမီး နှစ်ယောက်လုံးသာ သူမ၏ မူလကမ္ဘာမှာဆိုလျှင် အလွန်နာမည်ကြီးသည့် ထိပ်တန်းမော်ဒယ်တွေ ဖြစ်မှာ သေချာသည်။ ခွဲစိတ်ပြုပြင်ခြင်းမရှိ၊ မိတ်ကပ်ဆိုးဆေးအကူမပါပဲကို အလွန်ကြည့်ကောင်းသူတွေ ဖြစ်သည်။ ရှရီဟာ သူမ၏အတွေးနဲ့သူမ လုံးလည်လိုက်နေချိန်မှာ အမျိုးသားနှင့် အမျိုးသမီးဟာ တစ်ယောက်မျက်နှာ တစ်ယောက်လှမ်းကြည့်လိုက်ကြ၏။
လှပလွန်းသည့် အမျိုးသမီးလေးက သူမ၏လက်ဖဝါးဖြင့် ရှရီ၏ နဖူးကိုစမ်းလိုက်ကာ အဖျားရှိမရှိ စစ်ဆေးလေသည်။
" System ! နင်ကတော့... a ××××× ! ပဲ !"
ရှရီSystem ကို ပြန်သတိရသွားကာ စိတ်အတွင်းကနေ မေတ္တာတွေအတုံးလိုက်၊ အတစ်လိုက် ပို့နေမိ၏။ သူမ၏ ခေါင်းက ဆယ်ပေါင်တူဖြင့် ထုခံထားရသလို အလွန်နာကျင်နေသည် မဟုတ်လား...?
" သမီး လှဲပြီးခနလောက် အိပ်နေသင့်တယ်..! ခနနေရင် ဆေးကြိုပြီးတော့မှာ သမီးအတွက်ယူလာပေးမယ် ! "
အမျိုးသမီးလှလှလေးက ရှရီကိုဆိုလာ၏။
ရှရီစကားမပြောပေ၊ သူမဟာ System ကို မေတ္တာပို့နေရလို့ အလုပ်များနေခဲ့၏။ အမျိုးသားဖြစ်သူက ခုတင်ပေါ်တင်ပါးလွှဲထိုင်လိုက်ရင်း ရှရီအိပ်ရာပေါ် လှဲအိပ်နိုင်ရန်ကူညီပေးလာ၏။
YOU ARE READING
4. ဒုတိယဇာတ်လိုက်မ အဖြစ်ရှင်သန်ခြင်း [Arc.4] (ရှီကျင်းနွမ်)
Romance- အရင်နေရာ အရင်အချိန်ကိုပြန်သွားနိုင်ဖို့ ဘယ်လိုမစ်ရှင်(Mission)တွေမဆို ထမ်းဆောင်နိုင်ပါ့မလား - အဲ့ဒီမစ်ရှင်တွေဟာ မဖြစ်နိုင်လောက်အောင်ခက်ခဲနေမယ်ဆိုရင်ကော... မင်းနောက်ဆုံးအထိတောင့်ခံနိုင်မယ်ဆိုတာ သေချာရဲ့လား - အခုအကြောင်းအရာတွေက Sheri Hoal ရဲ့ သူမရ...