အခန်း (၅) ရှီကျင်းနွမ်

10.8K 1.2K 24
                                    

ဆယ်ကျော်သက် လူငယ်လေးတစ်ယောက် Sheri ကိုစိုးရိမ်စွာ ကြည့်နေသည်။ ထိုလူငယ်လေး၏ မျက်နှာမှာ ငယ်ရွယ်မှုနှင့်အတူ သန့်ပြန့်ကြည်လင် ခန့်ညားနေလေသည်။ ရှရီမျက်ဝန်းထဲ၌ လူငယ်၏ မျက်နှာသည်တစ်စုံတစ်ဦးနှင့် တူနေ၏။ သို့သော်မည်သူမည်ဝါဟု အတပ်အပ်မဆိုနိုင်ပဲ သိထားသည့်ရုပ်ချင်းတူသူ၏ အမည်ဟာလည်း သူမလည်ချောင်းဝတွင် ပျောက် သွားခဲ့ရ၏။

ဆယ်ကျော်သက် လူငယ်လေးတစ်ယောက် Sheri ကိုစိုးရိမ်စွာ ကြည့်နေသည်။ ထိုလူငယ်လေး၏ မျက်နှာမှာ ငယ်ရွယ်မှုနှင့်အတူ သန့်ပြန့်ကြည်လင် ခန့်ညားနေလေသည်။ ရှရီမျက်ဝန်းထဲ၌ လူငယ်၏ မျက်နှာသည်တစ်စုံတစ်ဦးနှင့် တူနေ၏။ သို့သော်မည်သူမည်ဝါဟု အတပ်အပ်မဆိုနိုင်ပဲ သိထားသည့်ရုပ...

¡Ay! Esta imagen no sigue nuestras pautas de contenido. Para continuar la publicación, intente quitarla o subir otra.

အိမ်ရှေ့စံလေး Lou Xi

" ကျင်း ! မင်း အဆင်ပြေရဲ့လား..? "

လူငယ်လေးက ထပ်မေးလာခဲ့၏။

ထိုအခါမှ Sheri ဟာ တွေးနေသည့် အတွေးတွေကို အလျှင်အမြန် လက်စသတ်လိုက်ပြီး ..

" ငါ အဆင်ပြေပါတယ် ! "

Sheri ဟာ ပြန်ဖြေလိုက်ရင်း ပြောပြောဆိုဆို လဲကျနေရာမှ ထရပ်လိုက်သည်။

" မင်းထပ်ပြီး ခလုပ်တိုက်လဲပြန်ပြီ ! ဘယ်လိုဖြစ်ပြီး ကိုယ့်ကိုယ်ကိုမြစ်ထဲ ပြုတ်ကျစေရသလဲ ..? မင်း အခုဆို အရွယ်ရောက်တဲ့လူတစ်ယောက် မကြာခင်ဖြစ်တော့မှာကို အရင်အတိုင်း အကျင့်တွေက ပြောင်းလဲမလာဘူး၊ မင်းဟာလေ မိန်းကလေးကျနေတာပဲ နမော်နမဲ့ကို နိုင်တယ် ! "

လူငယ်လေးဟာ ရှရီကို ရယ်ချင်နေသည့် မျက်နှာဖြင့် အပြစ်ဆိုသလို နောက်ပြောင်ကျီစယ် စကားဆိုလေသည်။

Sheri ဟာ သူမကို ရင်နှီးစွာပြောနေသည့် လူငယ်လေးကို တစ်ချက်အကဲခတ်လိုက်၏။ သူကအနက်ရောင် ဝတ်ရုံကိုဝတ်ဆင်ထားလေသည်။ ခန့်ညားချောမောသည့် မျက်နှာလေးရှိပြီး အကယ်၍ ထိုလူငယ်လေး အရွယ်ရောက်လာပါက မိန်းကလေးတိုင်းပစ်ကျသွားမည့် ရုပ်ရည်မျိုး ဖြစ်လာမှာ မြေကြီးလက်ခတ်မလွဲပင်။

4. ဒုတိယဇာတ်လိုက်မ အဖြစ်ရှင်သန်ခြင်း [Arc.4] (ရှီကျင်းနွမ်)Donde viven las historias. Descúbrelo ahora